Home-6

413 67 7
                                    

အိမ်ရှေ့ရောက်တော့ လာပြောသလို ဆူညံနေတာမျိုး မရှိပဲ တိတ်ဆိတ်နေတာကြောင့်

" ဒီလူ ငါ့ကို သက်သက်မဲ့အလုပ်ရှုပ်အောင် လုပ်နေတာပဲ... "
ဟု ဆိုကာ ပြန်သွားတော့သည် ။
သူမပြန်ထွက်သွားတော့မှ Lisa က Sound Box ကို ကတ်ထူပုံးဖြင့် အုပ်ထားရင်းမှ ထရပ်ကာ

" တော်သေးတာပေါ့... ငါ ပြန်ရောက်တာ မြန်လို့ ။ ဘေးအိမ်က ဦးလေးကြီးနဲ့ ကင်မ်အာဂျီးမား လမ်းထိပ်က အလှပြင်ဆိုင်မှာ စကားပြောနေတာ တွေ့ခဲ့လို့ "

" ဆံပင်လိပ်နေရင်းတန်းလန်းနဲ့ကို လာတာနော်... "

" ဒီအဒေါ်ကြီး တော်တော်မလွယ်ဘူး "

" ငါတို့ ဒီအတိုင်းနေလို့တော့ မဖြစ်တော့ဘူး ။ ကျောင်းလဲ ပျက်တာများနေပြီ ၊ အချိန်ဇယားလုပ်ရအောင် ... "

" OK !..."

....... ×.... ×... ×... ×.... ×.....

အချိန်ဇယားဆွဲပြီးနောက် ကလေးကို ကျောင်းဖွင့်ရက်တွေမှာ အချိန်နှင့် ထိန်းရသည် ။
Jisoo အတန်းတက်ရမည့်အချိန်တွေဆို Lisa က ကလေးကို ထိန်းပေးပြီး နှစ်ယောက်လုံးအတန်းတက်ရမည့်အချိန်ရှိနေလျှင် ကလေးကို အတန်းထဲထိ ဖွက်၍ ခေါ်သွားကြသည် ။
နှစ်ယောက်လုံးကဆိုလ်းအမျိုးသားတက္ကသိုလ်မှာ
ပဲတက်နေကြတာမလို့တော်သေးသည်။

ဒီနေ့ Lisa က အတန်းချိန်စောစောပြီးသွားတာကြောင့် ကလေးကို ခေါ်သွားပြီး ကျောင်းနားက ပန်းခြံထဲမှာ စောင့်နေမည်ဖြစ်ကြောင်း ဖုန်းဆက်သည် ။
သူမလဲ စာကြည့်တိုက်ကို ခဏဝင်၍ စာအုပ်ငှားပြီးလျှင် သူတို့ဆီလာခဲ့မည်ဟု ပြန်ပြောလိုက်သည် ။
ငှားမည့်စာအုပ်တွေကို ရွေးပြီးနောက် နောက်သို့အလှည့်

" အင့်... "

" ဘုတ်... "

နာသွားသည့် ပခုံးတစ်ဖက်ကို လက်ဖြင့်ပွတ်ကာ မျက်မှန်ကို ပင့်တင်လိုက်သည် ။

" တောင်းပန်ပါတယ် ၊ ကျွန်မရှေ့ကို မမြင်ရလို့ ဝင်တိုက်မိသွားတာ "

အသံလာရာကို ငုံ့ကြည့်လိုက်တော့ ကြမ်းပြင်ထက်
ပြန့်ကြဲနေသည့် စာအုပ်တွေကို ခပ်မြန်မြန်ကောက်နေသည့်ယူနီဖောင်းဝတ် မိန်းကလေးတစ်ယောက်ကြောင့် Jisoo သူမရှေ့မှာ ထိုင်ချကာ လက်ထဲက စာအုပ်တွေကို အောက်ခဏချထားပြီး စာအုပ်တွေ ကူကောက်ပေးလိုက်သည် ။

HOMEWhere stories live. Discover now