ဒီနေ့ကော တွေ့ရမလားဆိုသည့်စိတ်ဖြင့် စာကြည့်တိုက်သို့ Jisoo ရောက်လာခဲ့ပြန်သည် ။
လာသည့်ရည်ရွယ်ချက်က စာအုပ်ငှားမှာမဟုတ်တာကြောင့် စာကြည့်တိုက်ထဲ လူတစ်ယောက်ကို လှည့်ပတ်ရှာနေမိသည် ။
ကောင်တာမှာလဲမရှိ ၊ စာအုပ်စင်တွေဘက်လဲမရှိ နေရာအနှံ့လှည့်ပတ်ရှာနေပေမယ့် သူမကို မတွေ့ရချေ ။" ဒီမှာ မလုပ်တော့တာလား.... ? "
နောက်ဆုံးတော့ စာကြည့်တိုက်ကနေ ဘာစာအုပ်မှမငှားပဲ ပြန်လာခဲ့သည် ။ စာကြည့်တိုက်ထဲက ထွက်လာပြီး Bus ကားဂိတ်မှာ ကားစောင့်နေစဉ် လမ်းတစ်ဖက်မှ မိမိရှိရာဘက်သို့ လမ်းကူးလာသည့် မိန်းကလေးကြောင့် Jisoo နှလုံးခုန်သံတွေ မြန်လာသည်။
မျက်မှန်ကို သေချာပင့်တင်ကာ သူမကို ရပ်ကြည့်နေစဉ်မှာပဲ" တီ.... တီ... "
အနားကကပ်၍ ပေါ်လာသည့် ဟွန်းသံကြောင့် Jisoo လန့်ပြီး နောက်သို့ ဆုတ်လိုက်သည် ။
" Ya.... ခေါ်မကြား အော်မကြားနဲ့ ဘာဖြစ်နေတာလဲ "
နားထဲငှက်ဆိုးထိုးသံကဲ့သို့ တိုးဝင်လာသည့်အသံကြောင့် Jisoo စိတ်ပျက်စွာဖြင့် ကြည့်လိုက်တော့ Lisa ဖြစ်နေသည် ။
" လန့်လိုက်တာဟာ... "
" အိမ်ပြန်မှာမဟုတ်လား... ငါနဲ့လိုက်ခဲ့လေ "
" အာ.... "
Jisoo ပြန်မဖြေအားပဲ ခုနကမိန်းကလေးကို လိုက်ရှာတော့ မတွေ့ရတော့ချေ ။စာကြည့်တိုက်ထဲပဲ ဝင်သွားတာလား ။ ဒါမှမဟုတ် အနီးနားက ကော်ဖီဆိုင်ထဲပဲ ဝင်သွားတာလား မသိလိုက်ရ ။ ဒီနေ့မှ စေတနာတွေ ကောင်းနေသည့် Lalisa ကိုသာ စိတ်ထဲကနေ ဆဲလိုက်မိသည် ။
" ပြန်မှာဖြင့် မြန်မြန်တက်ဟာ.... ပဲများမနေနဲ့ "
ကောင်မလေးကိုလဲ ရှာမတွေ့တော့တာကြောင့် Lisa ပေးနေသည့် ဦးထုပ်ကိုဆွဲယူကာ ဆောင်းလိုက်ပြီး နောက်ကနေတက်၍ ခွထိုင်လိုက်သည် ။
ဆိုင်ကယ်ဦးထုပ်မေးသိုင်းကြိုးတပ်နေစဉ်
ဆိုင်ကယ်ဘက်မှန်ထဲမှရိပ်ခနဲတွေ့လိုက်ရတာ
ကြောင့် Jisoo ကဆိုင်ကယ်ပေါ်မှပြန်ဆင်းဖို့ပြင်
ကာ"ခဏ...."
"ဘာခဏမှလုပ်မနေနဲ့ဘာလို့ဆင်းတာလဲ
ပြန်တက်...မီးစိမ်းတော့မယ်ဟ"

YOU ARE READING
HOME
أدب الهواةLisoo chaelisa jensoo အကျင့်စရိုက်မတူသောကောလိပ်ကျောင်းသူ အိမ်ငှါးနှစ်ဦး တစ်ယောက်နှင့်တစ်ယောက်က အစေးမကပ်ကြ သူတို့နှစ်ယောက်ဆီသို့မထင်မှတ်ထားပဲ ကလေးတစ်ယောက်ရောက်လာသောအခါ Lisoo chaelisa jensoo အကျင့်စရိုက်မတူသောကောလိပ်ကျောင်းသူ အိမ်ငှါးနှစ်ဦး တစ်ယောက်န...