Home-7

379 73 7
                                    

မွေးစာရင်းလုပ်ပြီးသွားသည့်နောက် ကလေး၏မိဘနေရာတွင် ကင်မ်အာဂျီးမားတို့လင်မယားကို ထည့်သွင်းဖော်ပြထားသည် ။
အဒေါ်ကြီးကတော့ အသက် ၆၀ ပြည့်ခါနီးမှ ကလေးအမေဖြစ်လို့ တော်တော်ပျော်နေပုံရသည် ။ ကလေးကို လက်ထဲကပင် မချတော့ ။
အစပိုင်းမှာတော့ သူတို့နှစ်ယောက် စိုးရိမ်ခဲ့ကြပေမယ့် အဒေါ်ကြီးက ကလေးအပေါ် တကယ်သံယောဇဉ်ကြီးတာကြောင့် ကျောင်းသွားချိန်တွေမှာ သူတို့လင်မယားနှင့် ကလေးကို စိတ်ချလက်ချထားနိုင်တော့သည် ။

" ငါ့သမီး ကျောင်းနေအရွယ်ရောက်ရင် အင်္ဂလိပ်ကျောင်းထားရမယ် ၊ ဒါမှ ငါတို့ကို အင်္ဂလိပ်စာမတတ်ဘူးလို့ ပြောထားတဲ့ဟာတွေ ငါ့သမီးအလှည့်ကျ မပြောရဲပဲ နေမှာ "

ကလေးအိပ်နေချိန် အဒေါ်ကြီးက Jisoo နေသည့်အပေါ်ထပ်ကို သန့်ရှင်းရေးလုပ်ပေးနေရင်းပြောတော့ Jisoo စာလုပ်နေရင်းမှ နားထောင်နေမိသည် ။ အဒေါ်ကြီးက ကလေးအပေါ် သံယောဇဉ်ရှိလား မရှိလား အိမ်ရှင်က အိမ်ငှားနေသည့်အခန်းကို သန့်ရှင်းရေးလုပ်ပေးနေတာသာ ကြည့်လေ ။

ခြံထဲဆိုင်ကယ်မောင်းဝင်လာသံကြောင့် Lisa အချိန်ပိုင်းအလုပ်က ပြန်လာပြီမှန်း သိလိုက်သည် ။
ခဏကြာတော့ လက်နှစ်ဖက်မှာ အထုပ်အပိုးအပြည့်ဖြင့် အပေါ်ထပ်တက်လာသည့် Lisa က Jisoo အခန်းကို သန့်ရှင်းရေးလုပ်ပေးနေသည့် အဒေါ်ကြီးနှင့် စာကြည့်စားပွဲမှာ အခန့်သားထိုင်၍ စာလုပ်နေသည့် Jisoo ကိုမြင်တော့ ပါးစပ်အဟောင်းသားဖြစ်သွားသည် ။

" သြော်.... Lisa ပြန်လာပြီလား ၊ ဒီနေ့ အချိန်ပိုင်းအလုပ်ပြီးတာ စောသားပဲ "

" Nae... လစာထုတ်ရက်မလို့ သူဌေးက စောစောဆင်းပေးတာ "

Lisa က အိမ်ထဲဝင်လာပြီး လက်ထဲက အထုပ်တွေကို စားပွဲပေါ်တင်ရင်းမှ ပြောသည် ။
ကလေးအတွက် လိုအပ်မည့်ပစ္စည်းတွေ ထက်ဝယ်လာတာကြောင့် အဒေါ်ကြီးက ပစ္စည်းတွေကိုကြည့်ကာ

" Aigoo... အများကြီးပါလား... ဒီလိုနဲ့ ရတဲ့လစာကတော့ ကလေးအသုံးစရိတ်ဖြစ်တော့မယ်.... ငါလဲ ဝယ်ထားတာမလို့ နောက်ဆိုအများကြီးဝယ်မလာကြနဲ့တော့.... ကိုယ့်ဗိုက်လဲ ကိုယ်ဖြည့်ကြ ။ နှစ်ယောက်လုံး တစ်နေ့တခြားသေးလာပြီ ။ မဖြစ်သေးဘူး.... ဒီနေ့ညစာကို အိမ်မှာလာစားကြ "

HOMEWhere stories live. Discover now