Home-3

389 66 7
                                    


Jisoo က ဝယ်လာသည့် ပစ္စည်းအိတ်ကို ထမင်းစားခန်းထဲ သွားထားကာ ပြန်လာပြီး

" ဟိုမှာ ထိုင်လေ ...
ငါ တဘက်သွားယူလိုက်ဦးမယ် "

သူ ညွှန်ပြသည့် ထိုင်ခုံမှာ ဝင်ထိုင်လိုက်တော့ အဖြူရောင်အမွှေးစုတ်ဖွားနှင့် ခွေးလေးက သူ့ဘေးကနေ ဆင်းပြေးကာ Jisoo နောက်သို့ ပြေးလိုက်သွားသည် ။
အပြင်မှာ မိုးကလဲ တော်တော်ကောင်းနေသည် ။
Jisoo တဘက်ယူ၍ ပြန်လာပြီး Lisa လက်ထဲမှ ကလေးကို မချီတတ်ချီတတ်ဖြင့် လက်လွှဲယူလိုက်သည် ။
ကလေးက အငိုတိတ်သွား၍တော်သေးသည် ။ ကတ်ထူပုံးထဲထည့်ကာ ဘေးမှအမှိုက်အိတ်တွေကြောင့် မိုးတော့ မစိုပေ ။ Jisoo ကလေးကို ချီထားစဉ် Lisa က ကတ်ထူပုံးထဲ ငုံ့ကြည့်ကာ ပလတ်စတစ် အိတ်အကြည်တစ်ခုကို ယူလိုက်ပြီး

" စာကော ပါလာတာလား... "

Jisoo က သူ့ဘက်ကို ပြန်လှည့်လာပြီး အိတ်ထဲက ပစ္စည်းတွေကို Lisa ဆွဲထုတ်လိုက်စဉ်

" Bank စာအုပ် မဟုတ်လား...
စာတစ်စောင်လဲ ပါသေးတယ် "

" ဘဏ်စာအုပ် ? ဟုတ်လို့လား....
ဘယ်လိုလူမျိုးက ကလေးစွန့်ပစ်တဲ့ နေရာမှာ ဘဏ်စာအုပ် ထားခဲ့ဖူးလို့လဲ "

Lisa က ဘာမှပြန်မပြောပဲ စာရွက်ခေါက်ကို ဖွင့်ဖတ်တော့သည် ။

" ဒီကလေးကို အချိန်တစ်ခုရောက်တဲ့ထိ ပြုစုစောင့်ရှောက်ပေးပါလို့
ကျွန်မ တောင်းဆိုပါရစေ ။
Bank စာအုပ်ကို ကလေးနာမည်နဲ့ ဖွင့်ထားတာမလို့ ကလေးအတွက် အသုံးစရိတ်ကုန်ကျငွေတွေကို ထုတ်သုံးလို့ ရပါတယ် ။
ဒီကလေးက ကျွန်မနဲ့ အတူရှိနေရင် အန္တရာယ်များတာမလို့ ကျေးဇူးပြုပြီး စောင့်ရှောက်ပေးပါ ။
ဒီကျေးဇူးကို မမေ့ပါဘူး "

Lisa က စာကို ဖတ်ပြီးသည်နှင့် Jisoo ကို မော့ကြည့်သည် ။

" စာကို ခပ်မြန်မြန် ရေးထားတဲ့ ပုံပဲ ... ဘယ်လိုလုပ်ကြမလဲ "

" ဘဏ်စာအုပ်ကကော ..."

Jisoo အမေးကြောင့် Lisa ဘဏ်စာအုပ်ကို ဖွင့်ကြည့်လိုက်တော့ မြင်လိုက်ရသည့် ကိန်းဂဏန်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည် ။
Lisa ပုံမြင်ပြီး Jisoo လဲ သိချင်စိတ်ကြောင့် အနားတိုး၍ ငုံ့ကြည့်လိုက်တော့ များပြားလှသည့် သုညတွေကို ရေတွက်ရင်း မျက်ဝန်းတွေ တဖြည်းဖြည်း ပြူးကျယ်လာသည် ။

HOMEWhere stories live. Discover now