Chapter- 2

247 48 3
                                    

[Unicode]


[17]

အပြုသဘောဆောင်မှုနဲ့အတူ လှပပြီးစည်ကားသိုက်မြိုက်နေတဲ့ သီးခြားကမ္ဘာတစ်ခုကို ကျွန်တော် မြင်တွေ့လိုက်ရတယ်။

ဒီကမ္ဘာထဲမှာ,

ကျွန်တော် ကုယီးလျန်ကို ပြုံးပြမိခဲ့ရင် ကျွန်တော့်သူ့ကို စိတ်ဝင်စားနေလို့။

ကျွန်တော် ကုယီးလျန်နဲ့ ပုခုံးချင်းတိုက်မိခဲ့ရင် အဲ့တာ ကျွန်တော့်ရဲ့နှလုံးသားလေးက နောက်ကိုပြန်လှည့်ကြည့်ဖို့ မစွမ်းဆောင်နိုင်တာကြောင့်ပဲ။

ကုယီးလျန်နဲ့ အတူတူရှိနေချိန် ကျွန်တော့်ခေါင်းကိုငုံ့ထားမိရင် အဲ့တာ ကျွန်တော်ရှက်နေလို့။

ကျွန်တော် ကုယီးလျန်နဲ့အတူတူရှိနေချိန် တခြားသူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စကားဖောင်ဖွဲ့ပြောဆိုနေမယ်ဆိုရင်တောင် ကျွန်တော်တို့ နှလုံးသားလေးတွေက အချင်းချင်းဆက်သွယ်နေကြဦးမှာတဲ့လေ..။

ဒီကမ္ဘာထဲမှာ,

ကုယီးလျန်က ကျွန်တော့်ကို ပြုံးပြမိခဲ့ရင် အဲ့တာ သူကျွန်တော်နဲ့စကားပြောချင်နေတဲ့ စိတ်တွေကို ကြိုးစားပြီးထိန်းချုပ်နေရလို့။

ကုယီးလျန် ကျွန်တော်နဲ့ ပုခုံးချင်းတိုက်မိခဲ့ရင် အဲ့တာ သူကျွန်တော်နဲ့ ဝေးဝေးသွားရမှာကို လုံးဝမလိုလားလို့ပဲ။

ကျွန်တော်နဲ့ အတူရှိနေချိန် ကုယီးလျန်က ခေါင်းကိုငုံ့ထားခဲ့ရင် အဲ့တာသူ ကျွန်တော့်အပေါ်ထားတဲ့ သူ့ရဲ့အချစ်တွေကို ချုပ်တီးထားရလို့။

အကယ်၍ ကုယီးလျန်က ကျွန်တော်နဲ့အတူတူရှိနေချိန် တခြားသူနဲ့ ပျော်ပျော်ရွှင်ရွှင် စကားတွေဖောင်ဖွဲ့ပြောနေမယ်ဆိုရင် အဲ့တာ သူသံသယအဝင်မခံရအောင်ဟန်ဆောင်နေတာ။

ကျွန်တော်တို့ ငြိမ်နေနေ၊ လှုပ်နေနေ၊ ဘယ်လိုပဲနေနေ ဒါက အချစ်ပါတဲ့လေ...။

ကျွန်တော်တို့နှစ်ယောက် တူညီတဲ့ Brand က ပစ္စည်းဆင်တူဝတ်မိခဲ့ရင် ဒါ ပွင့်ပွင့်လင်းလင်း ချစ်ကြည်နူးနေကြတာ။

အကယ်၍ ကျွန်တော်တို့နှစ်ယောက် အဝတ်အစားဆင်တူဝတ်ခဲ့မယ် ဆိုရင်တော့ ဒါက ခိုး​ကြောင်ခိုးဝ​ှက် ချစ်ကြည်နူးပြနေတာပဲ။

I Ship My Rival X Me [ဘာသာပြန်] Dropped!Where stories live. Discover now