[Unicode]
[ 34]
ကျွန်တော်ခံစားမိတယ်။
မင်း Porn ကြည့်ရင်း တစ်ကိုယ်ရည်အာသာဖြေနေတာကို မင်းမိဘ မိသွားတဲ့ ခံစားချက်ကတောင် ကျွန်တော်အခုခံစားနေရတာနဲ့ယှဉ်နှိုင်မယ်မထင်ဘူး။
မဟုတ်သေးဘူး။
မင်းက ရွံစရာသားရဲတိရစ္ဆာန်ကြီးတွေနဲ့ ဆက်ဆံနေတဲ့ အကြမ်းစား Porn တွေကိုကြည့်ရင်း အာသာဖြေနေတာကို မင်းမိဘ မိသွားတဲ့ ခံစားချက်ကတောင်မှ ကျွန်တော်အခုခံစားနေရတာကို သေချာပေါက် ယှဉ်နိုင်မှာမဟုတ်ဘူး။
•••
[35]ကျွန်တော် ဖုန်းကို အလင်းအလျင်နဲ့ ပိတ်ပြီး မြင်ကွင်းက ကွယ်သွားအောင် မှောက်ချလိုက်တယ်။ ပြီးနောက် မျက်လုံးတွေကို လခြမ်းလေးလို ကွေးသွားစေတဲ့အထိ ကုယီးလျန်ကို ပြုံးပြရင်း.. " အာ... မင်္ဂလာပါဗျ။"
"..." ကုယီးလျန် ကျွန်တော့်ဖုန်းကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ ခဏလောက်ငြိမ်သက်စွာ ရပ်နေပြီးနောက်မှာတော့ သူ ကျွန်တော့်ကို ပြန်နှုတ်ဆက်လာတယ်။
ကျွန်တော့် တည်ငြိမ်စွာပဲ ကျွန်တော့်ရဲ့ ရှက်ကိုးရှက်ကန်းအမူအယာကြီးကို ပြန်အဖက်ဆယ်ဖို့အတွက် စကားလုံးရှာဖွေနေမိတယ်။
" ဒီနေ့ ကျွန်တော်တို့ တူတူရိုက်ရမယ့် အခန်းတွေများသားပဲ..။ ခင်ဗျား အားတယ်ဆိုရင် ကျွန်တော်တို့ အတူတူလေ့ကျင့်ကြမလား? "" အင်း.." သူခေါင်းငြိမ့်လိုက်ပြီး.. " ငါကအခုမှ ရိုက်ကူးရေးအဖွဲ့ထဲကိုစရောက်တာဆိုတော့ အကုန်လုံးကို နှုတ်ဆက်ဖို့လာခဲ့တာ.."
စကားဝိုင်းနဲ့ပတ်သက်ပြီး ပြဿနာရယ်လို့တော့မရှိပေမဲ့ ဘာလို့ စကားအနေအထားက တစ်မျိုးကြီးဖြစ်နေတယ်လို့ ခံစားနေရတာလဲ..။
ကျွန်တော် ခေါင်းငြိမ့်ပြီးတုန့်ပြန်လိုက်တယ်။
" အိုး.. ဟားဟား.. ခင်ဗျား ဒီကိုမလာခင်တစ်ခုခုစားခဲ့သေးလား.."သူခဏလောက်တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေလာတယ်။
" ဟင့်အင်း.."စကားဝိုင်းကိုဆက်မရတော့တဲ့နောက်မှာတော့ ကျွန်တော့်အတွင်းစိတ်ထဲမှာဖြင့် ရှက်ရလွန်းလို့ မျက်နှာတောင်မဖော်ချင်တော့ပါဘူး။
•••
[36]
YOU ARE READING
I Ship My Rival X Me [ဘာသာပြန်] Dropped!
RomansTitle- I Ship My Adversary X Me / I Ship My Rival X Me [ 我嗑了对家x我的cp] Author- PEPA Status in COO- 47 Chapters + 6 Extra (Completed) Genre-Comedy, Romance, Shounen Ai, Slice of Life * I don't own this Novel. Give fully credit to original author and E...