Chapter-4

305 39 8
                                    

[Unicode]

<< ကုယီးလျန်ရဲ့ဒိုင်ယာရီ - ကောက်နုတ်ချက် - ၁>>

မနက် 2 နာရီထိအလုပ်လုပ်ပြန်ပြီပင်ပန်းလိုက်တာ..။

သန်ဘက်ခါကျရင်... အိုး... အခုဆို မနက်ဖြန်တောင်ရောက်နေပြီပေါ့။ ​ပြီးတော့ ကျွန်တော် ဒါရိုက်တာလု ရဲ့ ရိုက်ကူးရေးအဖွဲ့ထဲဝင်ဖို့ပြင်ဆင်ရဦးမယ်။ အဲ့ဒီအကြောင်းကိုစဥ်းစားလိုက်တော့ ပိုလို့တောင်ပင်ပန်းသွားရသလိုပဲ။

ကျွန်တော် တကယ်ကြီး အဲ့ဒီကိုမသွားချင်ဘူး။

ဘာလို့ဆို ပထမအချက် အနေနဲ့ ကွျန်​တော့်အထင် ကျွန်တော် အားလပ်ရက်ကုန်ဆုံးသွားပြီးနောက် ဖြစ်ပေါ်တတ်တဲ့ စိတ်မရွှင်ပျခြင်း ဝေဒနာကိုခံစားနေရတာ ဖြစ်နိုင်တယ်။ ဒါ့အပြင် အလုပ်ကပင်ပန်းမှုတွေလည်း ရှိနေသေးတော့ ကျွန်တော် အိမ်မှာပဲ အေးအေးဆေးဆေး နှပ်နေချင်တော့တယ်။

ဒုတိယအချက်ကတော့ ကျွန်တော့်ရဲ့ Fanclub ခေါင်းဆောင်ကြောင့်ပဲ။ သူမက ကျွန်တော့် ရဲ့ပြိုင်ဘက်ကလည်း အဲ့ဒီရိုက်ကွင်းမှာပါတာမို့ သူ့ကိုသတိထားဖို့လိုကြောင်း ကျွန်တော့် Private Message ကို လွန်ခဲ့တဲ့ငါးရက်လုံးလုံး သတိပေးစာတွေပို့နေခဲ့တာလေ။

သူမရဲ့ပြောစကားအရဆို ကျွန်တော့်ပြိုင်ဘက်က Hercules(1) လိုမျိုး ခွန်အားနဲ့ အရပ်ရှစ်ပေကျော်ကျော် ကိုယ်လုံးကိုယ်ပေါက်ရှိပြီး အသူရာလို(2) ကောက်ကျစ်တဲ့မျက်နှာနဲ့ မကောင်းဆိုးဝါးလိုအသံကိုပိုင်ဆိုင်ထားတဲ့ နတ်ဆိုးတစ်ကောင်လိုဖြစ်နေပြီ။

မသိရင် သူ​က သူ့ရဲ့ခွန်အားတွေကိုအသုံးပြုပြီး ရှစ်ပေရှည်တဲ့ မြွေပွေးလှံချွန်ကြီးကို တစ်ချက်လောက်ဝေ့ယမ်းလိုက်ရုံနဲ့ ကျွန်တော့်အသက်ကို အလွယ်လေးနှုတ်ယူသွားနိုင်မယ့်လူလိုပဲ။

အဲ့လိုမှမဟုတ်ရင် သူက မြွေတစ်ပိုင်းလူတစ်ပိုင်းခန္ဓာကိုယ်နဲ့ မျက်စိကနေလေဆာစိမ်းစိမ်းတွေပစ်လွှတ်နေပြီး ပါးစပ်ကနေလည်း အဆိပ်ရည်တွေတစ်တောက်တောက်ကျနေတဲ့အပြင်ကိုမှ တစ်ချက်ရိုက်မိရုံနဲ့တင် ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံး စိတ်စိတ်မွမွကြေသွားစေမယ့် ချွန်မြ​မြလက်သည်းတွေနဲ့ အမြီးရှည်ကြီးတွေ ရှိတဲ့ မကောင်းဆိုးဝါးအထီးကောင်ကြီးများလား။

I Ship My Rival X Me [ဘာသာပြန်] Dropped!Where stories live. Discover now