"ငါဒီကိုလာတော့ လူတစ်ယောက် နန်းတော်ကို ဖောက်ဝင်ပြီး ဘုရင်ကိုတောင် အနှော့်အယှက် ပေးသေးတယ်ဆို။ လူဖွဲ့ပြီးတော့ သူခိုးနဲ့ သူ့အဖော်ကို လိုက်ဖမ်း။ ငါက နန်းတော်ကို ပြန်ပြီး ဘုရင် ဘာမှ မဖြစ်အောင် စောင့်လျှောက်လိုက်မယ်။" ဆံပင်ပြာနှင့်လူမှာ ရွှေအဆင့်ဧည့်သည်တော် တပ်မင်း ချွီလုံကျီ ဖြစ်လေသည်။
"ဟုတ်ကဲ့။ ကျွန်တော်တို့ လုပ်လိုက်ပါ့မယ်" အဆင့်နိမ့် ကျင့်ကြံသူ အစောင့်က ပြောရင်း အောက်က လူများကိုအမိန့် ပေးလိုက်သည်။
ထိုအချိန်တွင်ပင် ဧည့်သည်တော် ကျင့်ကြံသူများက အဖွဲ့များ ဖွဲ့က နန်းတော်ထဲမှ ထွက်သွားကြသည်။
ချွီလုံကျွီက အသံတိုးတိုးဖြင့် လူတစ်ယောက်ကို စကားအနည်းငယ် ပြောလိုက်သည်။ ထို့နောက် သူက လူအချို့နှင့်အတူ နန်းတော်ဆီ ပြန်သွားလေသည်။
အတန်ကြာပြီးနောက် သူက အဆောင်ဆောင် အခန်းခန်းကို ဖြတ်ကာ ခန်းမငယ် တစ်ခုသို့ရောက်လာသည်။ အထဲတွင် ငွေရောင်ဝတ် အစောင့်များ ရှိနေကာ လူတိုင်းက ဓါးများကို အသင့်ထုတ်ထားကာ တန်းစီ၍ စောင့်ကြပ်နေကာ ချွီလုံကျွီကိုပင် ဝင်ခွင့် မပြုချေ။
"ချွီလုံကျွီက အရှင်မင်းကြီးကို တွေ့ခွင့်တောင်းပါတယ်။ အရှင် အဆင်ပြေပါ သလားခင်ဗျာ" (ကျင့်ကြံသူတွေက ဘုရင်ကို ဒီလောက် အရိုအသေပေးစရာမလို)
ချွီလုံကျီက အခန်းရှေ့တွင် ရပ်ရင်း အော်ပြောလိုက်သည်။
"တပ်မင်းချွီ ကျုပ်အဆင်ပြေတယ်။ နည်နည်း လန့်သွားတာပဲ ရှိတာ။ နည်းနည်း နားလိုက်ရင် အဆင်ပြေပါတယ်။ ဖောက်ထွင်းသူကို ဖမ်းမိလား။" အခန်းထဲမှ သိပ်မကျယ်သော အင်အားပြည့်သည့် အသံတစ်သံ ထွက်လာသည်။
"အရှင်မင်းကြီး အဆင်ပြေလို့ တော်ပါသေးတယ်။ ဖောက်ထွင်းသူကိုက ဖမ်းမိတော့မလိုမှာ သူ့အကူက ရောက်လာလို့ပါ။ ဒါကြောင့် သူတို့က လွတ်သွားတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် စိတ်ချနေပါ။ ကျွန်တော်က မြို့ကို ပိတ်ခိုင်းထားပြီး လူတွေကို သူတို့နောက် လိုက်ခိုင်းထားပါတယ် မကြာခင် သတင်းရမယ်ထင်ပါတယ်။ ပြီးတော့ အရှင်မင်းကြီးက အဲ့ဒီ လူရဲ့ ရုပ်နဲ့ သူလာတဲ့ အကြောင်းကို သိလား မသိဘူး" ချွီလုံကျီက ပြန်ပြောရင်း မေးသည်။
YOU ARE READING
Demon's Diary 2 (Burmese) - နတ်ဆိုးမှတ်တမ်း ၂
ActionDemon's Diary အခန်း ၂၀၁ မှ နောက်ပိုင်းပါ