အခန်း (၂၁၆) တတိယ အနီ

121 8 0
                                    


"အသက်ကယ် အဆောင်" လျူမင်းက အံ့ဩသွားသည်။ သို့သော် သူက ကပျာကယာပင် နာမည်ပြားကို ထုတ်ကာ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

ဆရာလဲ့က နာမည်တံဆိပ်ပြားကို ရွှေရောင် တုတ်တိုဖြင့် အသာတို့လိုက်ပြီးနောက် ရွှေရောင် အဆောင်တစ်ခုကို ထုတ်ကာ လျူမင်းကို ပေးလိုက်သည်။

"ဒါက ရွှေအလင်းအဆောင်ပဲ။ ရွှေဓါတ်အခြေပြု လေပျံပြေး လွတ်မြောက် အဆောင်ပဲ။ မင်းက အရမ်းစွမ်းတဲ့ ရန်သူနဲ့ တွေ့တဲ့ အခါ ဒါကို သုံးလို့ရတယ်။ ပုံမှန် ချီဆရာသခင်က မင်းနောက်ကို မလိုက်နိုင်ဘူး" ချီဆရာသခင်လဲ့က သူ့အား အဆောင်ကို ပေးရင်း ပြောလိုက်သည်။

"ကျေးဇူးပါ ဂိုဏ်းတူဦးလေး"

လျူမင်းက ချက်ချင်းပင် ပျော်သွားကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။ သူက အဆောင်ကို သိမ်းလိုက်ကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။

အခြားတစ်ဖက်တွင် ကျိုးထျန်းဟီက ဟူချွန်းနင်ကို မေးမြန်းနေလေသည်။ ကျိုးထျန်းဟီက ရွှမ်ကျီ၏ လက်မောင်းကို ကြည့်ပြီးနောက် သူ့နောက်မှ အမျိုးသမီးက လက်တစ်ချောင်းဖြင့် လက်မောင်းကို ထိလိုက်သည်။ မီးလုံးတစ်ခုက ပေါ်လာလေသည်။

လက်မောင်းက မီးလောင် သွားပြီးနောက် ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်လာလေသည်။ ဖူးဆိုသော အသံတစ်ခုနှင့်အတူ မီးလောင်ထားသော ပြာများမှ အပြာဖျော့ဖျော့ ပြောင်းသွားသည်။

"ရောင်းရင်းလဲ့ ဒီလက်မောင်းပိုင်ရှင်က သာမာန် အဏ္ဏဝါမျိုးနွယ်မဟုတ်ဘူး။ သူ့အသွေးထဲမှာ တော်ဝင်မျိုးနွယ်သွေး ပါနေတယ်။ ဆိုတော့ ကျုပ်တို့ရဲ့ မူလအစီအစဉ်ကို ပြောင်းမှ ဖြစ်မယ်" ကျိုးထျန်းဟီက ဆရာလဲ့ကို လေးနက်သော မျက်နှာဖြင့် ပြောလိုက်သည်။

"တော်ဝင်သွေးလား။ ဒါက မျှော်လင့်မထားတဲ့ ဟာပဲ။ ရွှမ်ကျင်းကို တော်ဝင်မျိုးနွယ်ကို လွှတ်တယ်ဆိုတာ တစ်ကယ်ကို အန္တရာယ်များတဲ့ တာဝန်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီတစ်ယောက်က သိပ်တော့ အရေးပါတဲ့သူ မဟုတ်လောက်ဘူး" ဆရာလဲ့က အတန်ကြာစဉ်းစားပြီးမှ ပြန်ပြောလိုက်သည်။

Demon's Diary 2 (Burmese) - နတ်ဆိုးမှတ်တမ်း ၂Hikayelerin yaşadığı yer. Şimdi keşfedin