အခန်း (၂၁၁) ပိတ်မိခြင်း

90 8 0
                                    


တဖြည်းဖြည်းဖြင့် အပြာရောင် အလင်းများက အလွှာတစ်ခုအဖြစ် ရွှမ်ကျင်း တစ်ခုလုံးသို့ ဖုံးလွှမ်းသွားသည်။

အပြင်မှ ကြည့်လျှင် တစ်မြို့လုံးသို့ အပြာရောင် ပန်းကန်လုံးကြီး ဖုံးအုပ်သွားသလိုပင်။

တစ်ချိန်တည်းလိုပင် နန်းတော် ပတ်ပတ်လည်တွင် နောက်ထပ် အပြောရောင် အလင်း အတားအဆီးတစ်ခု ပေါ်လာပြီး နန်းတော်နှင့် မြို့ကို ပိုင်းခြားလိုက်သည်။

ထိုမြင်ကွင်းကြောင့် လူတိုင်းက ထိန်လန့်ကုန်ကြသည်။

"မကောင်းတော့ဘူး။ ငါတို့က အစီအရင်နဲ့ ပိတ်ခံလိုက်ရပြီ။ မြန်မြန် ဖောက်ထွက်ကြ"

တစ်ယောက်က အော်လိုက်ရာ နေရာတိုင်းမှာ လူရိပ်များ ထွက်လာကာ အလင်းကာကို တိုက်ခိုက်ကြတော့သည်။

လေလွင့်ကျင့်ကြံသူများစွာက နေရာမျိုးစုံမှ အလင်းကာကို အဆက်မပြတ် တိုက်ခိုက်သည်။ ထိုအချိန်တွင် ကျယ်လောက်သော အသံများက ရွှမ်ကျင်း တစ်ဝိုက် ပျံ့နှံ့လို့ နေတော့သည်။

သို့သော် ထိုအသံများက မကြာမီပင် ရပ်သွားသည်။ ရွှမ်ကျင်းအား ဖုံးအုပ်ထားသော အတားအဆီးက အရာပင် မယွင်းချေ။ နည်းနည်းလေးမျှပင် မလှုပ်ချေ။

ထိုမြင်ကွင်းကြောင့် ကျင့်ကြံသူများ မျက်နှာက အလွန်ပင် ပျက်ယွင်းသွားသည်။

ထို့နောက် နောက်ထပ် ကျင့်ကြံသူများက အဆောင်များ မှော်ပစ္စည်းများကို ထုတ်ယူလိုက်ကြည်သည်။ အချို့ကလည်း အဝါရောင် အလင်းများ လွှမ်းခြုံကာ မြေကြီးထဲ ဝင်သွားသည်။

ကျင့်ကြံသူများက ရွှမ်ကျင်းမှ အမြန်ထွက်ပြေးသွားချင်ကြလေသည်။ သို့သော် တအောင့်အကြာတွင် သူတို့က မြေကြီးထဲမှ ပြန်ပေါ်လာကာ ဆွဲကြတော့သည်။

မြေအောက်တွင်လည်း အတားအဆီးက ရှိနေလေသည်။ သူတို့၏ ကျောထဲတွင် အေးစိမ့်သွားကြတော့သည်။

အချို့က ဆိုင်ရာ ဆိုင်ရာ အဖွဲ့များဆီ သတင်းပြန်ပို့ကြသည်။

.....

နာရီပိုင်းအတွင်း ရွှမ်ကျင်းရှိ အဖွဲ့အစည်းများက လူများကို စုလိုက်ကြကာ ထပ်ပိုင်းများက အစည်းအဝေး လုပ်ကြလေသည်။

Demon's Diary 2 (Burmese) - နတ်ဆိုးမှတ်တမ်း ၂Tempat cerita menjadi hidup. Temukan sekarang