"နင်က ငါတို့အနေနဲ့ အဏ္ဏဝါမျိုးနွယ်က သောင်းကျန်းလာမှာကို သတိထားသင့်တယ် ပြောတာလား" ဟူချွန်းနင်က ဉာဏ်ကောင်းသော သူပင်။ သူမက ချက်ချင်းပင် သဘောပေါက်သည်။
"အင်း ဟုတ်တယ်။ ကျွန်တော်က ဂိုဏ်းကို နက်ဖြန်ကျ သတင်းပြန်ပို့ဖို့ နည်းလမ်းရှာမှာ ဆိုပေမယ့် သူတို့ဆီက အမြန်ဆုံး ရောက်လာမယ့် အကူက အနည်းဆုံး တစ်လကြာမှာပဲ။ အဲ့ဒီအတောအတွင်း အဏ္ဏဝါမျိုးနွယ်က အများကြီး လုပ်လို့ရတယ်" လျူမင်းက ပြောလိုက်သည်။
"ဒါပေမယ့် ရွှမ်ကျင်းက ထိန်းချုပ်မှု အောက်မှာ မဟုတ်လား။ ပြီးတော့ ဂိုဏ်းကြီး ငါးဂိုဏ်းက ကန့်သတ်စည်းတွေ ချထားတာလေး။ ချီဆရာသခင်အဆင့် တစ်ယောက်က မြို့ထဲ ခြေချတာနဲ့ စည်းချထားတာက ချက်ချင်း သတိပေးမှာလေ။ အဏ္ဏဝါမျိုးနွယ်က အများဆုံးမှ ငါတို့နဲ့ ကျင့်ကြံဆင့်တူတွေကိုပဲ လွှတ်မှာပေါ့။ သူတို့က အားကောင်းရင်တောင် လောကကို ဇောက်ထိုးဖြစ်အောင်တော့ မလုပ်နိုင်လောက်ပါဘူး။ နင်က ဒီလောက် စိတ်ပူနေစရာ မလိုပါဘူး။ သူတို့က တစ်ခုခု လုပ်ရင်တောင် မြို့ထဲက သာမာန် လူတွေနဲ့ လေလွင့်ကျင့်ကြံသူတွေ အရင် ဒုက္ခရောက်မှာ" ဟူချွန်းနင်က ဂရုသိပ်မစိုက်ပုံဖြင့် ပြောလိုက်သည်။
"အစ်မပြောတာလည်း မှန်ပါတယ်။ ဒါပေမယ့် အဏ္ဏဝါမျိုးနွယ်က နန်းတော်ကို ထိန်းချုပ်ထားတာ။ ဆိုတော့ တိုက်ပွဲဖြစ်ရင် မလွယ်လောက်ဘူး။ သူတို့က တစ်ခုခု လုပ်လိမ့်မယ်။ သတိထားတာ ကောင်းတယ်။ ဆိုတော့ ကျွန်တော်တို့က မြို့ထဲမှာ နန်းတော်ထဲမှာ အဏ္ဏဝါမျိုးနွယ်ကလူတွေ စိမ့်ဝင်နေကြောင်း သတင်းလွှင့်လိုက်ရအောင်။ အဲ့ဒီလိုဆိုရင် အဏ္ဏဝါမျိုးနွယ်က တစ်ခုခု လုပ်ချင်ရင်တောင် ဒီလောက် မလွယ်တော့ဘူး" လျူမင်းက ပြောလိုက်သည်။
"သတင်းလွှင့်ဖို့လား။ ဒါက နည်းနည်း လောရာ ကျမနေဘူးလား။ အဲ့ဒါက ရွှမ်ကျင်းကို ပြောင်းသတ်သွားစေမှာ။ ဂိုဏ်းတွေက သဘောမကျလောက်ဘူး" ဟူချွန်းနင်က ထိုစကားကြောင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဒါက ဒီလောက်တော့လည်း ပြဿနာ မကြီးလောက်ပါဘူး။ ရွှမ်ကျင်းမှာ ရှိတဲ့ ကျင့်ကြံသူတွေထဲမှာ နည်းနည်း တော်တဲ့ သူတွေပါပါတယ်။ သူတို့က သတင်းကြားရင်တောင် မြန်မြန်တော့ ယုံမှာ မဟုတ်ဘူး။ သူတို့က အရင်ဆုံး စုံစမ်းမှာပဲ။ ဆိုတော့ ရွှမ်ကျင်းက အဖွဲ့တွေက အဏ္ဏဝါမျိုးနွယ်ကို စုံစမ်းရင် သူတို့က ဒီလောက် မြန်မြန် မလှုပ်ရှားရဲလောက်တော့ဘူး။ အဲ့ဒါဆိုရင် ကျွန်တော်တို့က အသာငြိမ်ပြီး စောင့်နေလို့ ရပြီ" လျူမင်းက ပြောလိုက်သည်။
YOU ARE READING
Demon's Diary 2 (Burmese) - နတ်ဆိုးမှတ်တမ်း ၂
ActionDemon's Diary အခန်း ၂၀၁ မှ နောက်ပိုင်းပါ