အခန်း (၂၁၂) အပြောင်းအလဲ

79 11 0
                                    


ထိုအချိန်အတွင်းတွင် ရွှမ်ကျင်းတွင် နောက်ထပ် အရာတစ်ခု ထပ်ဖြစ်ပြန်သည်။

အချို့သော အဖွဲ့များက တော်ဝင်မိသားစုမှာ လူသားများ မဟုတ်ဟု ယူဆသဖြင့် သူတို့က နယ်စားများနှင့် မင်းသားများ အိမ်တော်သို့ သွားကာ ပုံအမှန်ကို ပြရန် တောင်းဆိုရန် ပြင်လေသည်။

သို့သော် ရလာဒ်မှာ သူတို့အား အံ့ဩစေသည်။ ထိုအိမ်တော်များမှာ ဟာလာဟင်းလင်း ဖြစ်နေခြင်းပင်။ အစေခံများပင် မရှိတော့ချေ။

တတိယနယ်စားမင်း အိမ်တော်မှာလည်း အတူတူပင်။

တတိယ နယ်စားမင်းအိမ်တော်သို့ သွားသည့်အထဲတွင် အကြီးအကဲမြန်လည်း ပါလေသည်။

သူတို့က အိမ်တော် တစ်ခုလုံးကို နှံ့စပ်အောင် ရှာပြီးသော်လည်း မည်သူမျှ မတွေ့ချေ။

လွန်ခဲ့သော နှစ်ရက်က စွန်းရင်နှင့် အခြားသော ချီပညာသင် နှောင်းပိုင်း နှစ်ယောက်က တတိယ နယ်စားမင်း အိမ်တော်သို့ သွားခဲ့သည်။ သူတို့က တိုင်ပင်စရာ ရှိ၍ တစ်ညနေရန် ပြောသည်။

သို့သော် နောက်နေ့တွင်လည်း မည်သည့် သတင်းမှ မရချေ။

ထို့ကြောင့် သူက ယခု အခြား ကျင့်ကြံသူများနှင့် ပေါင်းကာ တတိယ နယ်စားမင်းအိမ်ကို ချိုးဖျက် ဝင်ရောက် ကြသည်။ သူက ယခုမြင်ကွင်းအရ အတော်လေး ထိတ်လန့်သွားသည်။ သူက လျူမင်းစကားကို နားထောင်၍ နယ်စားမင်း အိမ်သို့ မသွားခဲ့ခြင်းမှာ မှန်သွားသည်။ မဟုတ်လျှင် သူသည်လည်း ယခုလို ပျောက်ကွယ်သွားလောက်ချေသည်။

သူက အဘယ့်ကြောင့် လူများ ပျောက်ကွယ်သွားရသည်ကို မသိသော်ငြား ယခုလို အနေအထားတွင် ဖြစ်ပျက်သည်မှာ မကောင်းသော အရာဟုတော့ သိလေသည်။ သို့သော် အကြီးအကဲမြန်က ဘာမျှ မတတ်နိုင်ချေ။ သူက ချွမ်ချွန်ဆီသွား၍ ဆွေးနွေဂရန်သာ ကြံလိုက်သည်။

သူက ချွမ်အိမ်တော်သို့ ပြန်ရောက်ချိန်တွင့် တာ့ရွှမ်နှင့် ဟိုင်ယု တိုင်းပြည်နှစ်ခုကြား နယ်စပ်တွင် ပေတစ်ရာခန့် ရှိသည့် လျေပံတစ်ခုက ပျံသန်းနေသည်။

Demon's Diary 2 (Burmese) - နတ်ဆိုးမှတ်တမ်း ၂Donde viven las historias. Descúbrelo ahora