"မောင်လေးပိုင်က ပြန်လာပြီပဲ။ ငါက ညီမလေးရူပင်နဲ့ ပြောနေတာ။ သူ့မှာ ချီစွမ်းအင်ကြော ရှိတာဆိုတော့ စကျင့်ကြံလို့ ရပြီ။ ပြီးတော့ သူက အစီအရင်ပညာကို စိတ်ဝင်စားပုံပဲ။ တိုက်ဆိုင်တာက ငါက ငါတို့ဂိုဏ်းက အစီအရင်ဆရာနဲ့ အတော်လေး ရင်းနှီးတယ်။ ငါက သူ့ကို မိတ်ဆက်ပေးရင်ရော ဘယ်လိုလဲ။ နောက်သုံးလဆို ငါက ဒီမှာ တာဝန်ပြီးပြီ ဆိုတော့ သူ့ကို ခေါ်သွားလို့ရတယ်" ဟူချွန်းနင်က လျူမင်းကို မြင်သည်နှင့် ပြောလိုက်သည်။
"အစ်မဟူက သူ့ကို ဂိုဏ်းကို ဝင်ဖို့ ခေါ်လို့ရတာလား" လျူမင်းက အံ့ဩစွာ မေးလိုက်သည်။ ဂိုဏ်းဝင်ဖို့ရာမှာ မလွယ်ချေ။
"ငါ့မျက်နှာ ထောက်ပြီးတော့ အပြင်စည်းတပည့်အဖြစ်တော့ ဝင်လို့ရပါတယ်။ ဒါပေမယ့် အတွင်းစည်း တပည့် ဖြစ်ဖို့ကတော့ သူမက ချီစွမ်းအင်သွေးကြော ချီပင်လယ် ဖွင့်နိုင် မဖွင့်နိုင် ဆိုတာပေါ် မူတည်တာပေါ့။ ဒါပေမယ့် ငါတို့ ဂိုဏ်းမှာက အမျိုးသမီး ကျင့်ကြံသူတွေက နည်းနည်း ပိုအရေးပေးခံရတယ်။ သူမက တစ်ကယ်လို့ အစီအရင်မှာ ထူးချွန်လာရင်း အထူးအရေးပေးခံရမှာ။ သူက ဂိုဏ်းကို ဝင်ရင် အနိုင်ကျင့်ခံရမှာလဲ မဟုတ်ဘူး။ ငါက သူ့ကို ဂိုဏ်းအကြောင်း ပြောပြီးပြီ။ သူလည်း စိတ်ဝင်စားတယ်။ ဒါပေမယ့် နင်ဆုံးဖြတ်ဖို့ လိုတယ်လေ" ဟူချွန်းနင်က ပြုံး၍ ပြောလိုက်သည်။
"အဲ့ဒီလိုဆိုရင် သူ့အတွက် ကေင်းတာပေါ့။ ရူပင် နင်က ကောင်းကင်လဂိုဏ်းကို ဝင်ချင်တာ သေချာလား။ နင်က မသွားခင် အစီအရင်ပညာရှင် ဖြစ်ချင်တာလား ကျင့်ကြံသူ ဖြစ်ချင်တာလား သေချာ စဉ်းစား။ ဒီနှစ်ခုက မတူဘူး ခက်တယ်။ နင်က သာမာန် ဘဝနဲ့ နေချင်ရင်လည်း နင့်ဘဝကောင်းစားဖို့ ငါအာမခံလို့ ရတယ်" လျူမင်းက ချွမ်ရူပင်ကို ပြောလိုက်သည်။
"အစ်ကိုမင်း ကျွန်မက စဉ်းစားပြီးပါပြီ။ ကျွန်မက သာမာန်လူ မဖြစ်ချင်ဘူး။ အစ်ကိုတို့လို ကျင့်ကြံသူ ဖြစ်ချင်ပြီး အစီအရင် ပညာရှင် ဖြစ်ချင်တာ။ ဒါမှ အစ်ကို့ကို ကျွန်မက ကူလို့ ရမှာလေ" ချွမ်ရူပင်က လေးနက်သော မျက်နှာဖြင့် ပြောလိုက်သည်။
YOU ARE READING
Demon's Diary 2 (Burmese) - နတ်ဆိုးမှတ်တမ်း ၂
ActionDemon's Diary အခန်း ၂၀၁ မှ နောက်ပိုင်းပါ