"ဆောလ်နူးလေး ဒီမှာမာသာကြီးမြို့ပေါ်ရောက်တုန်းကဝယ်လာတဲ့ အနွေးထည်လေး။ဆောလ်နူးနဲ့ တော်လောက်မယ်ထင်တယ်။အေးနေတာမို့ဝတ်သွားလိုက်နော်။"
မာသာကြီးကဆောလ်နူးဆီအနွေးထည်လှမ်းပေးရင်းအသံတုန်တုန်ဖြင့်ပြောရှာသည်။
"ဟုတ် မာသာကြီး ကျေးဇူးပါနော်။ဆောလ်နူးသေချာဝတ်ပါ့မယ်"
ထိုအခါမာသာကြီးကခေါင်းတစ်ချက်သာငြိမ့်ရင်း လက်ကိုင်ပဝါနဲ့ မျက်ရည်သုတ်ကာ ဘုရားကျောင်းထဲဝင်သွား၏။
"အဆောလ် သွားရအောင်လေ။ခဏနေရင် ကလေးတွေနိုးလာတော့မှာ"
အစ်ကိုဂျယ်ယွန်းပြောတာကိုခေါင်းညှိမ့်ပြရင်း အကို့လက်ကိုဆွဲလို့ ဂေဟာကထွက်ခဲ့၏။
နောက်ကိုပြန်မလှည့်ကြည့်ခဲ့ အဘယ်ကြောင့်ဆိုသော် ဆောလ်နူးသာ လှည့်ကြည့်မိမယ်ဆိုရင် ထွက်သွားနိုင်တော့မှာမဟုတ်တော့ချေ။
══════════
ရထားပြတင်းပေါက်မှန်ကနေမြင်နေရသောအရာမှန်သမျှက မာသာကြီးနဲ့မြို့ကိုစျေးသွားဝယ်တုန်း မြင်ဖူးပြီးသားပေမယ့် ဆောလ်နူးအတွက်တော့အထူးအဆန်းနဲ့လိုက်ကြည့်နေမိတုန်းပင်။"အဆောလ် ပေါင်မုန့်ထပ်ယူဦးမလား"
ဆောလ်နူးကခေါင်းခါပြတော့ဂျယ်ယွန်းက ပေါင်မုန့်ထုတ်ကိုပြန်သိမ်းလိုက်သည်။
ဆောလ်နူးရော ဂျယ်ယွန်းရောက မိဘမဲ့တွေဖြစ်ပြီး သိတတ်စအရွယ်ကတည်း ဂေဟာကိုရောက်နေခဲ့တာဖြစ်သည်။ဂျယ်ယွန်းက ဆောလ်နူးထက်တစ်နှစ်မျှသာကြီးသော်လည်း အရာရာကိုအစ်ကိုကြီးတစ်ယောက်လို ဦးဆောင်တတ်သည်။
YOU ARE READING
𝘌𝘴𝘴𝘦𝘯𝘵𝘪𝘢𝘭 |𝘠𝘶𝘯𝘰𝘰|✅
Fanfictionနေထွက်ချိန်တွေကစလို့ နေဝင်ချိန်တွေအထိ အစ်ကိုတို့အတူရှိကြမယ် ညဘက်တွေဆို ကြယ်ရောင်အောက်က ကွပ်ပျစ်လေးပေါ်မှာ အဆောလ်တို့စကားစမြည်းပြောကြမယ် အချစ်ရေ..ငါ့ရဲ့ မရှိမဖြစ်လေး ဖြစ်ပေးမလားဟင်.. Sim Jaeyun+Kim Sunoo Written In Burmese By Choco_Milk...