ဆောင်းဦးဝင်ခါစဖြစ်သောကြောင့် နေ့လည်ပိုင်းတွင်အအေးဓါတ်သိပ်မသိသာပေမယ့် မနက်ပိုင်းဆိုရင်တော့ သိသိသာသာလေးကိုအေးသည်။
မာသာကြီးကိုပင်ကျေးဇူးတင်ရမည်။သူမကြောင့်သာဆောလ်နူးနွေးနွေးထွေးထွေးနေရသည်။မဟုတ်ရင် အနွေးထည်တစ်ထည်၏ စျေးနှုန်းကသေးလှသည်မဟုတ်။
ဆောလ်နူးတို့လက်ထဲတွင်ကျန်သောပိုက်ဆံကသိပ်မများလှ ဘာဘာညာညာဝယ်ရဦးမှာနဲ့ဆို နောက်လအတွက် အိမ်လခပင်ကျန်မည်မဟုတ်။
ဒါပေမယ့်ဆောလ်နူးသိပ်တော့မစိုးရိမ်ပါ။အကိုကအလုပ်ရှာနေပြီဖြစ်သောကြောင့် အနည်းဆုံးဆောလ်နူးတို့ဆီမှာဝင်ငွေတစ်ခုတော့ရှိလာမည်ဖြစ်သည်။ဆောလ်နူးလည်းကိုယ်နည်းကိုယ့်ဟန်ပိုက်ဆံရှာရန်တွေးထားသောကြောင့် အဆင်ပြေသွားလိမ့်မည်ဟုထင်သည်။
စျေးအဝင်အဝကပင် ဆိုင်ခန်းလေးများကိုစတွေ့နေရပြီဖြစ်သည်။နည်းနည်းလေးဆက်လျှောက်သွားလိုက်တော့မုန့်ဆိုင်တန်းများကိုပါတွေ့လိုက်ရသည်။
ဆောလ်နူးကဒီကိုပထမအကြိမ်မဟုတ်ဘဲမာသာကြီးနဲ့ရောက်ဖူးသောကြောင့် သိပ်တော့မစိမ်းနေ။
"အစ်ကို"
ဆောလ်နူးခေါ်လိုက်တော့အစ်ကိုကလှည့်လာသည်။
"ဟင် အဆောလ်..ဘာလို့လဲမုန့်ဝယ်စားချင်လို့လား"
အစ်ကိုကမုန့်ဆိုင်တွေကိုကြည့်ရင်းမေးတော့ဆောလ်နူးကခေါင်းခါလိုက်သည်။
"မဟုတ်ပါဘူး အစ်ကိုရဲ့။အစ်ကိုသွားစရာရှိရင်သွားလေ။အဆောလ်ကုန်စိမ်းတန်းဘက်ကိုသွားချင်လို့။ပြီးရင်လည်းအဆောလ်အိမ်ပဲတန်းပြန်လိုက်တော့မယ်လေ"
YOU ARE READING
𝘌𝘴𝘴𝘦𝘯𝘵𝘪𝘢𝘭 |𝘠𝘶𝘯𝘰𝘰|✅
Fanfictionနေထွက်ချိန်တွေကစလို့ နေဝင်ချိန်တွေအထိ အစ်ကိုတို့အတူရှိကြမယ် ညဘက်တွေဆို ကြယ်ရောင်အောက်က ကွပ်ပျစ်လေးပေါ်မှာ အဆောလ်တို့စကားစမြည်းပြောကြမယ် အချစ်ရေ..ငါ့ရဲ့ မရှိမဖြစ်လေး ဖြစ်ပေးမလားဟင်.. Sim Jaeyun+Kim Sunoo Written In Burmese By Choco_Milk...