အခန်းရှစ်

359 62 4
                                    

နိုဝင်ဘာလရဲ့ပထမဆုံး​နေ့မှာ နှင်းတဖွဲဖွဲကျ​နေတယ်။​ဆောင်းလုံးဝဝင်​နေပြီ​မို့ အ​အေးဓါတ်က​နေ့​ရောည​ရော အ​​တော်​လေးသိသိသာသာတိုးလာတယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

နိုဝင်ဘာလရဲ့ပထမဆုံး​နေ့မှာ နှင်းတဖွဲဖွဲကျ​နေတယ်။​ဆောင်းလုံးဝဝင်​နေပြီ​မို့ အ​အေးဓါတ်က​နေ့​ရောည​ရော အ​​တော်​လေးသိသိသာသာတိုးလာတယ်။

ဒီ​နေ့ကအလုပ်ပိတ်ရက်ဖြစ်တာမို့ မနက်ပိုင်း ဦးကြီးယန်းရဲ့ခြံကပြန်​ရောက်တာနဲ့ ဂျယ်ယွန်း​ရော​ဆောလ်နူး​ရောအား​နေကြပြီ။

​ဆောလ်နူးက​​တော့​နေ့တိုင်းဒီချိန်ဆိုတ​ရေးပြန်အိပ်တတ်ပြီး ​ညစာစားချိန်​လောက်မှပြန်နိုးတတ်တယ်။ဒါက​တော့အခုမှမဟုတ်ဘူး အရင်ကတည်းက နိုဝင်ဘာနဲ့ဒီဇင်ဘာလ​တွေလို ​အ​အေးပိုတဲ့​​နေ့​တွေမှာ ​ဆောလ်နူးကအိပ်မ​​ပျော်ရင်​တောင် ​စောင်ထဲ​ကွေး​နေ​လေ့ရှိတယ်။

တကယ့်ကို​ဆောင်းခို​နေတဲ့ဝက်ဝံ​ပေါက်​လေးအတိုင်း။

အ​ဆောလ်ကို​ခြေအိတ်ဝတ်ထားရဲ့လား​သေချာပြန်စစ်ပြီးတာနဲ့ အိမ်လခ​ပေးဖို့​အောက်ထပ်က အန်တီဟန်ဆီ​ဆင်းလာခဲ့တယ်။

​အစ်မယွန်းဂျိုက​တော့မနက်ပိုင်းဆို​သေချာ​ပေါက်မရှိတာမို့ ဒုတိယထပ်ကအ​တော်​လေးတိတ်ဆိတ်​နေသည်။

ပထမထပ်ကစာ​ရေးဆရာက​တော့တစ်ပတ်တစ်ခါ​လောက်ပဲအပြင်ထွက်တတ်ပြီး အဲ့ဒီအခါ​တွေမှာလဲ ​ခေါက်ဆွဲထုတ်​တွေသာဆွဲပြီးပြန်လာတတ်တယ်။ဒါက​တော့ ​နွေ​နွေ မိုးမိုး ​ဆောင်း​ဆောင်း ​ပြောင်းလဲမယ့်ပုံမ​ပေါ်ဘူး။

ဂျယ်ယွန်းတို့ဒီကို​ပြောင်းလာတာတစ်နှစ်ခန့်ရှိပြီဖြစ်တယ်။​ရှေ့တစ်နှစ်​ဆောင်းဦးမှာ​ဂေဟာက​နေထွက်လာခဲ့တာဖြစ်ပြီး အခုဆို​နောက်တစ်နှစ်ကူးလို့​ ​ဆောင်း​​တောင်ဝင်​နေ​ချေ​လေပြီ။

𝘌𝘴𝘴𝘦𝘯𝘵𝘪𝘢𝘭 |𝘠𝘶𝘯𝘰𝘰|✅Where stories live. Discover now