ဆောလ်နူးခရီးဆောင်အိတ်ထဲအတော်ကြာကြာခေါင်းဆိုက်နေပြီနောက်မှာ နောက်ဆုံးတော့ထွက်လာခဲ့ပြီ။လက်ထဲမှာတော့အပြာရောင် ကတ်ဦးထုတ်လေးပါလာခဲ့တယ်။
မှန်ထဲကကိုယ့်ပုံကိုယ်ကြည့်ရင်း ဆောလ်နူးထပ်ငိုချင်လာပြန်တယ်။မျက်ခုံးနားထိတိုသွားတဲ့ရှေ့ဆံပင်တွေကြောင့် ဆောလ်နူးကဘယ်လိုမှကြည့်ကောင်းမနေမှန်းကိုယ်ကိုကိုယ်သိနေတယ်။
ဒီကြားထဲမှာဂျယ်ယွန်းကအတင်းဆွဲပြီး ဆီလိမ်းပေးထားတာကြောင့် မူကြိုကလေးတောင် ဆောလ်နူးလောက်မူကြိုကလေးနဲ့မတူပေ။
ပိပြားနေတောင်ဆီနဲ့ဖိခံထားရတဲ့ဆံပင်တွေပေါ်ကို စောနကဦးထုတ်အပြာရောင်ထပ်ဆောင်းလိုက်တယ်။
ဟူးး အခုမှနည်းနည်းကြည့်ကောင်းသွားတော့တယ်။
အိမ်ရှေ့ထွက်လာတော့ မျက်နှာပြုံးဖြီးဖြီးနဲ့ကြည့်နေတဲ့ ဂျယ်ယွန်းကိုတွေ့တယ်။
ရှင်းဂျယ်ယွန်းလေ ဆောလ်နူးကိုရုပ်ဆိုးအောင်လုပ်တဲ့ အဓိကတရားခံ။
"ကဲ ပြင်လို့ဆင်လို့ပြီးရင်လည်းသွားကြမယ် နောက်ကျနေပြီ"
ဘယ်သူ့ကြောင့်လဲလို့ ဆောလ်နူးပြန်မေးချင်ပေမယ့် ဂျယ်ယွန်းနဲ့လုံးဝစကားမပြောဘူးလို့လုပ်ထားတာကြောင့် မျက်စောင်းသာထိုးပြလိုက်တယ်။
လှေကားပေါ်ကဆင်းတော့လည်းဆောလ်နူးမှာခန့်လန့်လန့် အစ်မယွန်းဂျိုနဲ့တွေ့ မှာကြောက်လို့လေ။
ကံကောင်းလို့ အစ်မယွန်းဂျိုရဲ့အရိပ်အယောင်တောင်မတွေ့ရချေ။ကြည့်ရတာမနေ့ညက ပြန်မအိပ်ဘူးထင်ပါရဲ့။
YOU ARE READING
𝘌𝘴𝘴𝘦𝘯𝘵𝘪𝘢𝘭 |𝘠𝘶𝘯𝘰𝘰|✅
Fanfictionနေထွက်ချိန်တွေကစလို့ နေဝင်ချိန်တွေအထိ အစ်ကိုတို့အတူရှိကြမယ် ညဘက်တွေဆို ကြယ်ရောင်အောက်က ကွပ်ပျစ်လေးပေါ်မှာ အဆောလ်တို့စကားစမြည်းပြောကြမယ် အချစ်ရေ..ငါ့ရဲ့ မရှိမဖြစ်လေး ဖြစ်ပေးမလားဟင်.. Sim Jaeyun+Kim Sunoo Written In Burmese By Choco_Milk...