အခန်းတစ်ဆယ့်တစ်

362 64 6
                                    

"​ဂျောင်ဝန်း ကြက်ဥ​ဒီတစ်ခါတစ်ထပ်ကွဲရင် ငါငို​တော့မှာ​​နော်"

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

"​ဂျောင်ဝန်း ကြက်ဥ​ဒီတစ်ခါတစ်ထပ်ကွဲရင် ငါငို​တော့မှာ​​နော်"

"အင်းပါ ​ဆောလ်နူးရဲ့"

"​ဆောလ်နူး..ရပ်..ရပ်..ဆားကထည့်ပြီးသား"

"​ဂျောင်ဝန်း ယိုပုလင်း​တွေကိုပုရွက်ဆိတ်တတ်​တော့မယ်!!"

"​ဆောလ်နူးးးသကြားပုလင်း​မှောက်​တော့မယ်!!"

​​ဆောလ်နူးတို့ရဲ့ပထဆုံးဆိုင်ဖွင့်ရက်က တကယ့်ဂယက်​တွေချည်းပဲ။

အကြိုရီဟာဇယ်​တွေ များကြီးလုပ်ခဲ့​ပေမယ့် လွဲမှမလွဲ​ရင် ဂျောင်ဝန်းနဲ့​ဆောလ်နူးမဟုတ်ဘူး​လေ။

ဒါ​တောင်​ဆောလ်နူးရဲ့ပထမဆုံးမီနူးက ကွတ်ကီးမို့​လို့ ကိတ်မုန့်​တွေဘာ​တွေများဆိုမ​တွေးရဲစရာ။

ပထမတော့ မီနူးကိုကွတ်ကီးတစ်ခုတည်းလုပ်ပြီး ​နောက်ပိုင်းအသစ်​တော့ထပ်တိုးဖို့လုပ်ထားကြတယ်။

ကွတ်ကီးလုပ်ရတာတကယ့်ကိုလွယ်ပြီးပါဝင်ပစ္စည်း​တွေကရိုးရှင်းတယ်။

အရင်ဆုံးထောပတ်ကိုသကြားနဲ့​ရော​မွှေရတယ်။​နောက်ပြီးသကြားထည့်ပြီးထပ်​မွှေရတယ်။​နောက်တစ်ခါကျ ဂျုံကိုထည့်ပြီးထပ်​မွှေရပြန်​ရော။

​မွှေရတာကများတာ​ရော အိမ်မှာစားသလိုနည်းနည်းပဲမဟုတ်ဘဲ များများ​လေးလုပ်ရ​တာ​ကြောင့်​​ရော ​တော်​တော်​လေးလက်​​ညောင်းတယ်။

ဒါ​ပေမယ့်နှစ်​ယောက်လုပ်တာမို့ ခပ်မြန်မြန်ပဲပြီးသွားတယ်။

ပြီး​ရင် မုန့်ဖုတ်​ဆော်ဒါနဲ့ ဆားထည့်ရတယ်။ကြက်ဥညှီနံ့မထွက်​အောင် ဗနီလာအနံ့​လေးလည်းထည့်ရ​သေးတယ်။

𝘌𝘴𝘴𝘦𝘯𝘵𝘪𝘢𝘭 |𝘠𝘶𝘯𝘰𝘰|✅Donde viven las historias. Descúbrelo ahora