အခန်း​လေး

452 72 12
                                    

အလိုလိုသိစိတ်အရ ဂျယ်ယွန်းမနက်​လေးနာရီခွဲတိတိမှာ အိမ်ယာကနိုးလာခဲ့သည်။​အနည်းငယ်​အေးစိမ့်​နေ​သော်လည်းစောင်ခြုံထား​သော​ကြောင့် ​ရော လက်​မောင်း​ပေါ်ကအ​နွေးဓါတ်​လေး​ကြောင့်​ရော အ​အေးကသိပ်မသိသာ​ပေ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အလိုလိုသိစိတ်အရ ဂျယ်ယွန်းမနက်​လေးနာရီခွဲတိတိမှာ အိမ်ယာကနိုးလာခဲ့သည်။​အနည်းငယ်​အေးစိမ့်​နေ​သော်လည်း
စောင်ခြုံထား​သော​ကြောင့် ​ရော လက်​မောင်း​ပေါ်ကအ​နွေးဓါတ်​လေး​ကြောင့်​ရော အ​အေးကသိပ်မသိသာ​ပေ။

"အ​ဆောလ် အ​ဆောလ် ထ​တော့​လေ"

ဂျယ်ယွန်း၊​ဆောလ်နူးရဲ့ နဖူးကိုနမ်းရင်း ပါးကိုလက်နဲ့ ခပ်ဖွဖွပွတ်လိုက်သည်။

"အွန်း..အစ်ကို"

​ဆောလ်နူးကလည်ပင်းကိုသိုင်းဖက်လာတာမို့ ​ကျောပြင်ကိုပုတ်​​ပေးလိုက်သည်။

"ထ​တော့​လေအ​ဆောလ်ရဲ့ ​လေးနာရီ​တောင်ခွဲနေပြီ"

ဂျယ်ယွန်းရဲ့စကား​ကြောင့် ​ဆောလ်နူးအမြန်ထထိုင်လိုက်သည်။

"အစ်ကို ဒါဆိုအ​ဆောလ်တို့ ဒီ​နေ့အလုပ်သွားရမှာ​ပေါ့​နော်"

"ဒါ​ပေါ့ အ​ဆောလ်ရဲ့။ထပြီးမျက်နှာသစ်သွားတိုက် သွားလုပ်​တော့​နော်"

"ရက်စ်..အလုပ်သွားရ​တော့မယ်"

မ​ပြေးရုံတမယ် ထသွား​သော​ဆောလ်နူး​ကြောင့် ဂျယ်ယွန်းသက်ပြင်းသာချရင်း အိပ်ယာသိမ်းရန်သာပြင်လိုက်သည်။

❆ ❆ ❆

"အ​ဆောလ် နွားနို့ပို့ရင်ပုလင်းကို အိမ်​ရှေ့​တွေမှာချ​ပေးခဲ့ရုံပဲ​နော်။အိမ်ထဲဝင်​ပေးစရာမလိုဘူး​နော်။ဝင်ခိုင်းလည်း မဝင်​ပေးရဘူး​နော်"

"ဟုတ်ကဲ့ပါအစ်ကိုရဲ့။အ​ဆောလ်မဝင်ပါဘူး"

"အစ်ကိုက​တော့ အိမ်ပြန်​ရောက်မှာ မနက်စာစားမှာ။ဒါ​ပေမယ့် အ​ဆောလ်ဗိုက်ဆာရင်လမ်းမှာ ဝယ်စားခဲ့​။ချောင်းဆိုးတာ​တွေ​တော့မရဘူး​နော်။"

𝘌𝘴𝘴𝘦𝘯𝘵𝘪𝘢𝘭 |𝘠𝘶𝘯𝘰𝘰|✅Where stories live. Discover now