Unicode
အညိုရောင်ကုတ်အနွေးထည်နဲ့ လူတစ်ယောက်က သူမရဲ့ လက်တွေကို ဆွဲခါရမ်းရင်း နိုးထဖို့အကြိမ်ကြိမ်သတိပေးနေတယ်။
သူ့ပုံစံက အရူးမီဝိုင်းသလို ရူးမတတ်ဖြစ်နေပုံဘဲ ၊သူ့ပါးပြင်က မျက်ရည်တွေစီးကျနေတာကိုမြင်တော့ နာကျင်လိုက်တာ။ ဘာလို့ ဝိုးတဝါးမြင်နေရတဲ့လူကို သနားစိတ်ဝင်နေရတာလဲ။ မငိုပါနဲ့ သတ်သေပြစ်စရာမလိုဘူး
မထားခဲ့ဘူး ပြန်လာပီ မငိုပါနဲ့..."ဘီလင်ဒါ! ဘီလင်ဒါ! ကလေး.."
"အဟင့် လူကြီး"
"အိမ်မက်ဆိုးတွေမက်တာလား ကလေး..
လူကြီးတောင်းပန်ပါတယ်ကွာ ရေချိုးခန်းထဲရောက်နေလိုက်လို့.."ရင်ဘက်တွေနှိမ့်ချီမြင့်ချီနဲ့ ရှိုက်၍ငိုနေသော
သူမထံမှ "ဂျောင်" ဆိုသော အမည်နာမကို
တသွင်သွင်အော်ခေါ်နေသံကြားသည်။
အိပ်နေရင်း ယောင်ယမ်းနေတာတောင်မှ
သူဘဲလား ကလေး..။ လက်ရှိ မင်းရဲ့လူကြီး
အတွက် မင်းရင်ဘက်ထဲမှာ နေရာတနေရာလေးတောင်ရှိမနေဘူးလားကွာ။"ဘယ်လိုနေသေးလဲ လန့်နေသေးလား"
"ဟင့်အင်း လူကြီးဖက်ထားပေးလို့ပျောက်သွားပီ"
"အတတ်လေး..ထတော့ ဒီနေ့ ကလေးနဲ့လျောက်လည်ဖို့ လူကြီးပြင်ထားတယ်"
"တကယ်လား"
"ဒါပေါ့.."
လူကြီး စိတ်ချမ်းသာအောင်သာ ပြုံးပြမိနေပေမဲ့ မနက်ကအိမ်မက်ကြောင့် ခုထိဝမ်းနည်းစိတ်ကမပျောက်နိုင်သေး။
"Sir..ကျွန်တော်တို့ကားနောက်ကို ကားတစ်စီးထပ်ကြပ်မကွာလိုက်နေပါတယ်"
"တောက်!ဘာကောင်တွေလဲ"
"Mediaတွေဖြစ်မှာပါ လူကြီးရယ် Lindaကိုတွေ့လို့ လိုက်လာတာလဲဖြစ်မှာပါ"
"အင်း တနေရာသာမျက်ခြေဖျက်လိုက်တော့"
မှန်အမဲကြီးဖြစ်နေတော့ ကားထဲက ဘယ်သူဘယ်ဝါမှန်း သဲသဲကွဲကွဲမမြင်ရ။
ဒီကားနံပါတ်ကို Linda မြင်ဖူးသလိုရှိနေသည်။ မဟုတ်မှ..ဂျေ ဆိုတဲ့သူရဲ့ကားလား။
လူကြီးနဲ့ ပြဿနာတက်လို့မဖြစ်၊ အဲ့လူအသက်ပျောက်ချင်နေလားဘဲ ဘာကြောင့်
အခုလိုလုပ်ရတာလဲ။
![](https://img.wattpad.com/cover/314497360-288-k114215.jpg)
YOU ARE READING
Ⓗ︎Ⓞ︎Ⓜ︎Ⓔ︎{Sᴇᴀsᴏɴ2}✅
Fanfictionဘဝမှာအိမ်ကလေးတစ်လုံး ပိုင်ဆိုင်ထားရင် လက်မလွှတ်ပါနဲ့။ Houseသည် အိမ်တစ်လုံး သက်သက်သာဖြစ်ပြီး Homeသည် နွေးထွေးကြင်နာမှုအပြည့်နဲ့ ထာဝရလက်ကမ်းကြိုဆိုနေမဲ့ နားခိုရာရိပ်မြုံလေးဖြစ်သည်။ JungKook xOC (Unicode+Zawgyi) Start date-July17,2022 End date-July20...