Part-15

236 27 21
                                    

Unicode

ဆေးရုံကုတင်ပေါ်မှာထပ်ပီးလှဲလျောင်းနေပြန်တဲ့သူ(သူမ)။ ဒဏ်ရာတွေထဲအကြိမ်ကြိမ်လဲပြိုခဲ့ပီဖြစ်တဲ့ သူမရဲ့စိတ်နှလုံးသားဟာလဲ ဘယ်တော့မှအကောင်းပကတိအတိုင်းပြန်ဖြစ်လာလိမ့်မည်မထင်ပါ။

‌ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်တာနှစ်ကြိမ်ရှိပီ။ သေပစ်ချင်လောင်အောင်ထိ
စိတ်ပင်ပန်းခဲ့ရတယ် ၊ ဖောက်ပြန်ခံရခဲ့တဲ့ဒဏ်ရာဟာသိပ်နက်တယ်။

ပြန်မနိုးထချင်တော့ဘူး။ နောက်ထပ်တခါအလင်းရောင်ကိုထပ်မြင်ရရင် သူနဲ့ရင်ဆိုင်ရအုံးမယ်။ မခံစားချင်တော့ဘူး၊ အချစ်တစ်ခုတည်းအတွက်နဲ့ ဆက်ပီးသည်းခံမနေနိုင်တော့ဘူးလေ။ ဘယ်သူ့အတွက်နဲ့မှ အသက်ရှင်မပေးချင်တော့ဘူး။

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်မယ်။
အလုပ်တစ်ခုရအောင်ရှာပီးတော့ ရတဲ့ဝင်ငွေလေးနဲ့ ဘဝအသစ်တစ်ခုကိုပြန်စချင်တယ်။
ကိုယ့်စိတ်၊ ကိုယ့်ခန္ဓာနဲ့ ကိုယ်ပျော်သလိုနေဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီးပီ။

"ဂျွန်ဟာအွန်း...ကိုယ့်အချစ်လေး ထပါကွယ်"

ရေပတ်ဝတ်တိုက်ပေးနေတဲ့ ဂျောင်ဂုက ဆေးရုံခန်းထဲမှာဘဲ ဟာအွန်းဆေးရုံတက်နေတဲ့ တစ်ပတ်လုံးအနားကနေလုံးဝမခွာခဲ့ဘူး။
နေ့ရှိသရွေ့ ညရှိသရွေ့ အအိပ်ပျက်၊ အစားပျက်ခံဂရုစိုက်တယ်။ ဒီပုံစံအတိုင်းသာဆက်နေမယ်ဆို သူပါရောပီးအားပြတ်သွားနိုင်တယ်။

"ကျေနပ်တဲ့ထိတောင်းပန်ချင်လို့ပါ ကိုယ်တို့အစကနေပြန်စကြရအောင်ကွာ..ကိုယ်မင်းမရှိဘဲအသက်မရှင်နိုင်ဘူး"

"မင်းမသိခဲ့ဘူးမလား Eun..ကိုယ့်အမျိုးသမီးလေး ‌ကိုယ့်ကမ္ဘာ့ထဲမှာပျောက်သွားတဲ့နှစ်တွေထဲ အရူးလုံးလုံးဖြစ်ကျန်ခဲ့ရတယ်လေ
မင်းကိုယ့်ကို မသနားတော့ဘူးလား
ထပ်ပြီးမထားခဲ့နဲ့..."

ကြိတ်မှိန့်ပီးသာ အတင်းမျက်စိစုံမှိတ်အိပ်နေရတာ၊ သူပြောသမျှကိုကြားနေရတဲ့နားတွေက ခံနိုင်ရည်မရှိဘဲ ဦးနှောက်ရဲ့အမိန့်ကိုသွေဖယ်စွာ သူ့ဆီကိုဘဲပြန်ပြေးချင်နေမိတယ်။ ဘာလုပ်ရမလဲ။

ခဏနေတော့ ဂျောင် အခန်းပြင်ထွက်သွားတယ်။ အဲ့တော့မှ ညောင်းညာနေတဲ့ ကိုယ်လုံးကို အကြောလျော့ပီး ထိုင်နေမိသည်။
နေ့လယ်စာထမင်းသွားဝယ်တာဖြစ်မယ်။
ထွက်ပြေးလိုက်ရမလား၊ ပြေးမယ်ဆို သူ့နဲ့အဝေးဆုံးတစ်နေရာထိ ပြေးနိုင်သလောက်ပြေးပီး တသက်လုံးဝေးသွားရမှာဘဲ။

Ⓗ︎Ⓞ︎Ⓜ︎Ⓔ︎{Sᴇᴀsᴏɴ2}✅Where stories live. Discover now