Part-12

387 54 20
                                    

Unicode

"တခုလောက်စုံစမ်းပေးလို့ရမလား"

"အင်းအင်း အဲ့တာဆိုဒါဘဲနော်"

လင်ဒါဖုန်းကိုမြန်မြန်ဘဲချလိုက်ပီး ထမင်းစားဝိုင်းမှာ ဂျေ့အလာကိုစောင့်နေပါတယ်။
ဒီနေ့ ဂျေက အပြင်လိုက်ပို့ပေးမယ်ပြောထားလို့ မနက်စာအတူတူစားပြီးမှသွားကျမယ်လို့ပြောထား၍ စောင့်ဆိုင်းနေဆဲပါဘဲ။

အော်..သူ သူ။ နှစ်နှစ်ကာကာပြုံးပြလိုက်ရင်
သိပ်ချစ်ဖို့ကောင်းတာဘဲ။ ဝတ်စုံပြည့်နဲ့ရုံးသွားမဲ့ပုံစံကလဲ စစချင်းတွေ့တုန်းကနဲ့ လားလားမှမဆိုင်အောင် သေသပ်တည်ငြိမ်လွန်းတယ်။ သူ့ပုံစံက အိမ်ထောင်ဦးစီး
တယောက်လိုတောင်ပြောလို့ရတယ်။

ဒီလူမှာလျှို့ဝှက်ချက်တွေရှိတယ်လို့လဲ ခန့်မှန်းမိပါတယ်။
အိမ်ကိုလှည့်ပတ်ကြည့်တုန်းက ပန်းချီခန်းလေးတခန်းရယ် ။
သော့ပိတ်ထားတဲ့အခန်းတခန်းရယ်။
ဒါက လင်ဒါ့ရဲ့ သိချင်စိတ်ကို လုံ့ဆော်နေပါတယ်။

ဂျေရဲ့ ရာဇဝင်နောက်ကြောင်းအစ ဘာမှမသိရတဲ့အပြင်ကို သူဆိုတာဘယ်လိုလူလဲတောင်
လင်ဒါ ကောင်းကောင်းမသိပါဘူး။ သူ့ကိုချစ်ဖို့ဝန်လေးလိုက်တာ။ ဒီနေ့တော့သေချာလေ့လာရမယ်။

နောက်ထပ်တခုက တပ်တူး။
ကိုယ့်လက်မောင်းပေါ်မှာ ထွင်းထားတဲ့စာသားက ဘာကြောင့်ထိုးခဲ့မှန်းလဲ‌တောင်
မမှတ်မိတာပါဘဲ။ သေချာတာက ဂျေ့ကို မချစ်ဖို့တိုက်တွန်းထားပါတယ်။

"ဟူးး"

"ဘာအဆင်မပြေတာရှိလို့လဲ လင်ဒါ"

"အာ..မရှိပါဘူး ဒီတိုင်းဘဲ"

"သွားစို့"

"မနက်စာကရော.."

"အပြင်မှာလဲရှိပါတယ်"

အိမ်မှာလဲစားသွားလို့ရရက်နဲ့။ ပိုက်ဆံကုန်အောင်လို့လားမသိဘူး အသုံးကြီးလိုက်တဲ့လူ။*မှတ်ချက် ၁*

"အယ်..ကုမ္ပဏီလား"

"အော လိုက်ပြချင်လို့ ပီးတော့ အကြံပြုချက်လေးတွေလဲရချင်တာနဲ့ ကူညီမယ်မလား"

ခေါ်လာပီးမှတော့ ကူညီမယ်မလားတဲ့
တကယ့်လူ။

"ဟုတ် ရပါတယ်"

Ⓗ︎Ⓞ︎Ⓜ︎Ⓔ︎{Sᴇᴀsᴏɴ2}✅Where stories live. Discover now