Part-11

396 57 22
                                    

Unicode

မနက်၈နာရီလေယာဉ်နဲ့ ဂျေ ကိုရီးယားကိုပြန်ရောက်လာခဲ့ပါပီ။
သူတယောက်ထဲလားဆိုတော့ မဟုတ်ပါဘူး..။

သူရဲ့ရည်ရွယ်ချက်အတိုင်း ဟာအွန်းကိုပါ ပြန်ခေါ်လာနိုင်ခဲ့ပါတယ်။

"ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားပီးနေပါဗျာ"

"ဟုတ်"

အိမ်ကအလုပ်သမားတွေက ကွက်ကြည့် ကွက်ကြည့်လုပ်နေတာကြောင့် လင်ဒါ နေရထိုင်ရခက်နေပါသည်။

"ခွမ်း"

ဒါ့အပြင်ကိုမီးဖိုချောင်က အဒေါ်ကြီး
တယောက် ပါးစပ်အဟောင်းသားနဲ့ သူမကိုကြည့်၍ ‌လက်ထဲက
ကော်ဖီခွက်လွှတ်ကျသွားအောင်ကို အထိန့်
တလန့်ကြည့်နေသည်။

တအိမ်သားလုံး သူမရောက်လာကတည်းက လူအထူးအဆန်းလို ပြုမူနေကျတာကြောင့်
နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပေမဲ့ ကိုယ့်အိမ်လိုဘဲခံစားရပါတယ်။

တကယ့်အိမ်ကို ပြန်ရောက်လာရတဲ့
ခံစားချက်ပါဘဲ။

"လင်ဒါ ဒီမှာကြိုက်သလောက် ကြိုက်သလိုနေပါနော် ကျနော် ရုံးသွားနေရင်တောင် လိုအပ်တာကို အိမ်အကူတွေ ဒါရိုက်ဘာတွေကိုခိုင်းပါ"

"ဟုတ် ဂျေ ကျေးဇူးပါ"

စကားနည်းမြဲနည်းနေဆဲပါဘဲ။ ဘယ်လောက်ဘဲ ဂျေ့ဘက်ကစပြီး စကားပြောတိုင်း ပြန်တုံ့ပြန်သည်မှာ "ဟုတ် ဂျေ" ဆိုတာထက်ကို
မပိုလာခဲ့ပါ။ မျက်လုံးထဲမှာ သူ့ကိုချစ်နေသေးတဲ့ အရိပ်အယောင်တွေမြင်နေရသေးတာတောင်၊ ဘာလို့ ဆက်ဆံရေးက တိုးတက်မလာရသလဲ။

ကိုရီးယားကို ပြန်ခေါ်နိုင်ရင်တော့၊ အရင်မှတ်ဉာဏ်တစွန်းတစပြန်ရရင် တိုးတက်နိုင်မလားလို့ ဂျေ တွေးမိတွေးရာနှင့် သူမကိုရအောင်ပြန်ခေါ်နိုင်ခဲ့သည်။ လင်ဒါ ကိုယ်တိုင်က သူ့ကိုယ်သူရှာဖွေကြည့်ချင်နေတာလဲပါတာ‌‌ေပါ့။

အိမ်ထဲကိုခြေချမိတာနဲ့ မွန်းကြပ်သလိုခံစားချက်ကအဆင်မပြေတာမို့ ခြံထဲက ပန်းရုံတွေဆီ လင်ဒါ လျောက်လှမ်းသွားခဲ့သည်။

နှင်းဆီတွေ။ စောင့်ဆိုင်းနေခဲ့ရသော သခင်အား အလှပဆုံးဖူးပွင့်ပြနေလိုက်တာ။
ညှိုးနွမ်းခြောက်ကပ်ပီး သေလုဆဲဆဲဖြစ်ခဲ့တာက သူတို့မဟုတ်တဲ့အတိုင်းပင်။

Ⓗ︎Ⓞ︎Ⓜ︎Ⓔ︎{Sᴇᴀsᴏɴ2}✅Where stories live. Discover now