Part-9

451 74 27
                                        

Unicode

တစ်လကြာပီးလို့လဲ Kavin ပြန်မလာခဲ့ပါဘူး။ အဲ့ဒီ့အပြင်ကို အိမ်ထဲမှာလဲ အစောင့်အကြပ်တွေ မထားတော့တဲ့အပြင်ကို Bodyguards တွေလဲ အမြဲရှိမနေကျတော့ဘူး။

ဒေါက်တာKimကတော့ တပတ်တခါ လာကြည့်ပေးတတ်သလို အိမ်ကြီးထဲမှာ Linda
ရယ် အိမ်အကူတယောက် ၊နှစ်ယောက်လောက်ဘဲနေသည်။

ကျန်းမာရေး‌ကြောင့် ညနက်တွေ ဒီဂျေတီးတဲ့ အလုပ်ကိုရပ်ပစ်လိုက်ရပီး အိမ်မှာဘဲ နားနားနေနေခွေ နေရတာကို တော်တော်လေးပျင်းနေပီ။

"ကိုယ်ပါ ဂျေ.."

"ပြောပါ"

ဂျေနဲ့ဆက်ဆံရေးကတော့ ပိုကောင်းလာတယ်ပြောရမလားဘဲ။ဂျေက အိမ်ကိုလာပီးအချိန်ပေးတာမျိုး၊ ဖုန်းနဲ့စကားပြောပေးတာမျိုး စသည်ဖြင့် နေ့တိုင်းလိုလို မခေါ်မပြောဖြစ်တဲ့နေ့ရယ်လို့မရှိကျပါ။

ဂျေနဲ့တွေ့ရရင် ပျော်တယ်လို့ ခံစားရပေမဲ့လည်း တဆက်ထဲမှာဘဲ သူ့ကိုမြင်နေရရင်ငိုချင်စိတ်တွေ တဖွားဖွားဖြစ်တတ်တယ်။
ဘယ်လိုမှမဖြေဆည်နိုင်တဲ့ စိတ်ဒဏ်ရာမျိုးရှိခဲ့ဘူးသလိုမျိုးပေ့ါ။

"ခရီးတခုတူတူသွားချင်လား ကိုယ်နဲ့"

"ဘယ်ကိုလဲ"

"ခေါ်သွားချင်ခဲ့တဲ့ နေရာရှိတယ် မြို့ဟောင်းတခုပေါ့"

"ကောင်းပီလေ သွားကျတာပေါ့"

"ဒါဆို ပြင်ဆင်ထားလိုက်‌တော့နော်"

စိတ်ကြဉ်းကျပ်နေတဲ့အချိန် ခရီးတခုသွားပီး
အပန်းဖြေတာလဲ နည်းလမ်းကောင်းဘဲမို့
ချက်ချင်းဘဲ သဘောတူလိုက်သည်။
လိုအပ်တဲ့ အဝတ်အစားအကုန် ပြင်ဆင်ပီးတာနဲ့ အိမ်ရှေ့သူ့ကားက အဆင်သင့်ရောက်နှင့်နေပီ။

မောင်းရမှာ မိုင်တော်တော်ဝေးသေးတာမို့
အိပ်ရင်းလိုက်ခဲ့ဖို့မှာပြီး သူပါလာတဲ့ သဘက်စောင်လေးနဲ့ လွှမ်းခြုံပေးသည်။
အေးမှာစိုးလို့ပါတဲ့။ ဂရုစိုက်မှုသေးသေးလေးက ရင်ထဲ၊ နှလုံးသားထဲထိကို နွေးထွေးစေပါတယ် ဂျေ။

တရွေ့ရွေ့ဖြတ်သန်းလာတဲ့ မြက်ခင်းပြင်တွေကနေ ကျူးလစ်ပန်းခင်း တော်တော်များများကို တွေ့လာရတော့သည်။ ဒါ့အပြင်
နှင်းဆီပင်အရိုင်းတွေ တွယ်တက်နေတဲ့ စိန်ပန်ပင်ကြီးများကကားလမ်း‌မထက် နီဆွေးဆွေး ကြွေလွင့်နေလို့နေသည်။

Ⓗ︎Ⓞ︎Ⓜ︎Ⓔ︎{Sᴇᴀsᴏɴ2}✅Where stories live. Discover now