Part 1(uni)

2.7K 141 21
                                    

"နေအုန်း ပါး ဒါကဘယ်လိုအဓိပ္ပါယ်မရှိတဲ့စကားကြီးလဲ ပါး
ခေါင်းတွေဘာတွေများ ထိထားသေးလား
ချော်လဲတာဘာညာ ဖြစ်ထားတာရှိလား "
ငါတကယ်မယုံနိုင်ဘူး။
ဘာတွေလဲ ။

"ဟိတ်ကောင် မင်း ငါ့ကိုခေါင်းမကောင်းဘူးလို့ပြောတာလား ဟမ်"
အခုနကဆုံးဖြတ်ချက်ချထားပြီးသား ။
ဘူးဆိုဖရုံမသီးဘူးဆိုတဲ့ရုပ်နဲ့ပါးက
ငါအဲ့လိုမေးလိုက်တော့ ဒေါသရိပ်တွေပေါ်လာသည်။

"မဟုတ်သေးဘူးလေ အိမ်တော်ကြီးနဲ့အိမ်တော်ငယ်က အမြဲဒီလိိုသောက်ပြသာနာတွေတစ်ခုပြီးတစ်ခုတက်နေကြလေ အဲ့တာကိုဘာလို့ခုမှထူးပြီး ငြိမ်းချမ်းရေးယူချင်နေတာလဲ
ယူချင်တယ်ဆိုရင်လဲ ဒီတိုင်း meeting လုပ်ပြီး ဆွေးနွေးလိုက်ပေါ့
ဘာကိစ္စ လက်ထပ်ရမယ်တွေဘာတွေလာပြောနေတာလဲ"

ဘယ်လိုရှုထောင့်ကြည့်ကြည့်
မဖြစ်နိုင်တာ။ ဟိုတစ်ယောက်ကလဲ ဒီတိုင်းကြီးလက်ခံလိုက်ရလား ။
စဥ်းစားကြည့်ရင် ငါကမှမိဘစီစဥ်တာမို့လို့လက်ခံရတယ်ပဲထားအုန်း။
သူက Main bodyguard ဆိုပေမယ့်ပြောရရင် အိမ်တော်ကြီးကလူတွေကသူ့အလုပ်ရှင်ပဲလေ။
ဘယ့်နှယ့် အလုပ်ရှင်ကဒီလူကိုယူဆိုတာနဲ့ယူလိုက်ရရိုးလား ။
မဖြစ်နိုင်တာတွေကွာ။ ဘယ်လိုတောင်
၀တ္ထုဆန်တာတွေလဲ။

"မင်းနဲ့ငါ ရှာထားတဲ့သောက်ပြသာနာတွေကနည်းတာမှမဟုတ်တာ သူတို့ကငါတကယ်နားချင်နေပြီဆိုတာကိုမယုံကြဘူးလေ
ဒီလောကမှာ အဲ့လိုငြိမ်းချမ်းရေးယူရင် သားသမီးချင်းပေးစားရတာထုံးစံတော့မဟုတ်ပေမယ့် တော်တော်များများကယုံကြည်မှုရှိပေးပါဆိုတဲ့သဘောနဲ့ပေးစားကြတာပဲ အဲ့လိုပေးစားပြီးမှသစ္စာဖောက်ရင် ဘယ်ဂိုဏ်းကမှမလေးစားတော့ဘူး သစ္စာဖောက်ရင်ဘ၀ပျက်မယ်ဒါပဲ အဲ့တော့ဒါကကတိတစ်ခုထပ်ပိုတဲ့
ညှိနှိုင်းမှု သစ္စာခံမှုလိုမျိုး ဒီလိုလက်ထပ်တာကအလုပ်လုပ်တယ်
ပြီးတော့ မင်းကိုဟိုကောင်တွေနဲ့မှပေးစားလို့မရတာ
မင်းရဲ့ညီအကိုတွေကို ရူးနေတာလား"

ပါးပြောတာဟုတ်တော့ဟုတ်ပေမယ့်
မဟုတ်သေးဘူးလေကွာ။

"အဲ့တာဆို ဟိုဘက်ကလူကရောဘယ်လိုတောင်လက်ခံလိုက်ရတာလဲ"

Will you marry me? Again? (Completed) Where stories live. Discover now