Part1

3.4K 70 1
                                    

Zawgi

Holly Club

ရွှေရောင်စာလုံးဒီဇိုင်းနဲ့ သေသပ်ခမ်းနားမှုဟာ နာမည်မြင်ယုံနဲ့ကို အရှိန်တစ်ခုရနေသည်။ club ဆိုပေမဲ့ လူတိုင်းဝင်ထွက်နိုင်တာမဟုတ်သလို ထင်တိုင်းလည်းကြဲမရပေ။ အလွှာသုံးလွှာရှိပြီး ပထမထပ်‌တွင်တော့ bar counter ရှိပြီး အေးအေးဆေးဆေးသောက်ချင်သူများအတွက် ပြင်ဆင်ပေးထားခြင်းဖြစ်သည်။ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင် ပြင်ဆင်မှုအနေအထားများကြောင့် တစ်ချို့ ကုမ္ပဏီကြီးများကပါ တစ်ခါတစ်လေ ညစာစားပွဲ လာရောက်ပြုလုပ်လေ့ရှိကြသည်။

ဒုတိယထပ်တွင်တော့ dance floor သီးသန့်ထားပေးထားပြီး DJပါထားပေးထားတာမို့ စိတ်ကြိုက်အပြတ်ကဲ‌လို့ရသည်။ အပေါ်ဆုံးထပ်တွင်တော့ ကလပ်ရဲ့ တာဝန်ရှိသူရုံးခန်း၊ CCTV ခန်း၊ ဝန်ထမ်းလေးများရဲ့ နားနေခန်းနဲ့ အဝတ်လဲခန်းတို့ရှိသည်။ Hollyတွင် ရန်ဖြစ်တာကိုတားမြစ်ထားပြီး မူးယစ်ဆေးဝါးများ ကလပ်ထဲ ယူဆောင်လာခြင်း၊ အသုံးပြုရောင်းချခြင်းများ အထူးတားမြစ်ထားသည်။

ထို့အပြင် ဝန်ထမ်းလေးများကို အနှောင့်အယှက်မပေးရ။ ကလပ်ရဲ့လုံခြုံရေးအတွက် အထပ်တစ်ထပ်ဆီတွင် လုံခြုံရေး ငါးယောက်ခန့်ထား,ထားသည်။ မြေအောက်ကားပါကင်ပြုလုပ်ထားပြီး ပထမထပ်ကိုစတက်တာနဲ့ မှတ်ပုံတင်ပြပြီး အသက်20နှင့်အထက်မှ ကလပ်အတွင်းသို့ဝင်ခွင့်ပြုသည်။

VVIP, Gold card member တွေကတော့ ကလပ်ကိုမလာခင် ဖုန်းကြိုဆက်ထားပါက သီးသန့်အခန်းပါထားပေးသည်။ Holly Clubရဲ့ ပိုင်ရှင်မှာ Sissyတစ်ယောက်ဖြစ်ပြီး လူမျိူးခွဲခြားသူကို မုန်းသူဖြစ်သည်။ နိုင်ငံခြားသွေးနှောတစ်ယောက်ဖြစ်ပေမဲ့ လူတိုင်းအပေါ် မျှတစွာဆက်ဆံတာကြောင့် Holly Club က ကောင်းသတင်းများဖြင့်ကျော်ကြားသည်။

စီးပွားဖြစ်မဟုတ်ဘဲ ဝါသနာအရဖွင့်ထားတာတောင် ဖြစ်ကတတ်ဆန်း ပိုက်ဆံရယုံမလုပ်။ အရာရာကို စေ့စပ်သေချာသူဖြစ်သည်။ အချမ်းသာဆုံးစာရင်းဝင် မိသားစုမှ ဆင်းသက်လာသော်ငြား ဂုဏ်မောက်မနေ။

*ဒေါက် ဒေါက်*

"ဝင်လာခဲ့"

အသံသည် ယောင်္ကျားလေးတစ်ယောက်လိုဩမနေ မိန်းကလေးလိုလည်း ကနွဲ့ကလျမဆန်ပေမဲ့ ချိုသာပြီး နားထောင်လို့ကောင်းသည်။ အခန်းထဲသို့မိန်းကလေးတစ်ဦး ဝင်လာပြီး စာရွက်တစ်ထပ်ကို ရိုရို‌သေသေကမ်းပေးကာ စကားစလာသည်။

UnforgottenWhere stories live. Discover now