Part2

778 38 1
                                    

Zawgi

"ဟေး အဆင်ပြေလား ထနိုင်ရဲ့လား"

ထိုလူက နန်းလက်ကိုအသာဆွဲပြီး မေးတော့ ‌အယောက်ယောင်အမှားမှားဖြင့် ထရပ်လိုက်မိသည်။ လက်ကိုတော့လွှတ်မပေးသေးပေမဲ့ အဆင်ပြေကြောင်း အတည်ပြုပြီးသွားတာမို့ အျပြးလေးလာနေတဲ့ မမထားတို့ဘက် မျက်နှာလွဲသွားသည်။

ပြောရရင် ဒီလိုကိစ္စကြီးက နန်းရောက်လာမှ Hollyမှာဖြစ်ပျက်တာမလို့ နန်း အားလည်းနာမိသည်။ တမင်တကာ လုပ်ခဲ့တာမဟုတ်ပေမဲ့ ပထမဆုံးအလုပ်ဆင်းရက်မှာတင် မောင်းထုတ်ခံရမည့်ကိန်း။ အခုထိရင်တုန်တာ မပျောက်သေးတာမလို့ ဆုပ်ကိုင်ပေးထားတဲ့လက်ဖဝါးအကြီးကြီးကိုသာ ပိုတိုးလို့ ကိုင်ထားမိလိုက်သည်။

"ကိုကြီး!"

Suit အပြည့်နဲ့မမထားက ဆံပင်တွေကိုလည်း မြင့်မြင့်စည်းထားသေးတယ်။ အရေးကြီးတဲ့လူတွေလာမယ်လို့ ကြားမိပေမဲ့ ကိုယ်နဲ့မှပက်ပင်းတိုးခြင်း။ မမထားကတော့ နန်းကိုအဆင်ပြေကြောင်း လှမ်းပြုံးပြသေးသည်။ နန်းမှာတော့ ဘာလုပ်လို့ ဘာကိုင်ရမယ်လည်းမသိ။

"ထားသေချာဖြေရှင်းလိုက်ပါ့မယ် ကိုကြီး"

"ဟုတ်ပြီ လိုအပ်ရင် လူတွေထပ်ထားခဲ့ပေးမယ်။ ဂိတ်ကစစ်ဆေးရေးကို ပိုမြှင့်လိုက်။ နောက်နေ့မှနည်းပညာပိုင်းကလူတွေထပ်လွှတ်ပေးမယ်"

"ဟုတ်ကဲ့ ဒါနဲ့ဆူးခက်ရောပါမလာဘူးလား"

"ပါလာတယ် သူ့ကားက နောက်လေယာဉ်နဲ့ရောက်လာတော့ စောင့်ယူနေတာ"

လက်ကိုလည်း မလွှတ်တမ်းဆွဲထားပြီး မမထားမေးသမျှကိုလည်း အေးဆေးပင်ပြန်ဖြေနေသည်။ အသံကဩထွက်နေတာမျိုးထက် deep voice လို့ပြောလို့ရသည်။ မေးရိုးသွယ်သွယ်တွေကထင်းနေပြီး ခပ်ပါးပါးနှုတ်ခမ်းတစ်စုံ အနည်းငယ်အညိုရောင်ပြေးသည်။ ခဲပုတ်ရှပ်နဲ့ စတိုင်လ်ပန်ကို ရိုးရိုးရှင်းရှင်းဝတ်ထားတာတောင် ကြည့်ကောင်းတာထက်လွန်နေတာမျိုး။ အရပ်ကြီးကလည်းရှည်လိုက်တာများ လေတိုက်တိုင်းရှည်ထားသလားမှတ်ရသည်။ အသားအရည်ကတော့ အနောက်တိုင်းသားတွေလိုမျိုး ဖြူသည်။ မျက်ဝန်းပြာတွေနဲ့ထိုလူရဲ့အကြည့်တွေဟာ ရဲတင်းလွန်းသည်။

UnforgottenWhere stories live. Discover now