Part 6

435 27 4
                                    

Unicode

"အဲ့တော့လူကြမင်းတို့ပြောချင်တာက အရင် Design ကိုမယူတော့ဘဲ အသစ်ထပ်ယူမယ်ပေါ့"

"ဒါပေါ့ အန်ကယ်တို့ကဒီဟာကိုမကြိုက်တော့တာမလို့ တစ်ခြားတစ်ခုပြောင်းချင်တယ်"

"အဲ့တာဆိုအရင်designအတွက်ယူထားတဲ့ feesတွေကပြန်မရတော့ပါဘူး။ အသစ်အတွက်က အန်ကယ်တို့ယူမဲ့Designပေါ်မူတည်ပြီးကျသင့်မှာပါ"

"မဟုတ်တာ အန်ကယ်တို့ကဆောက်ရသေးတာမီမဟုတ်ဘဲ ဒီလိုလုပ်လို့ရမလား"

"မဆောက်ရသေးလည်း ကိုယ်တို့ Designer တွေကအချိန်ပေးထားရတာပါ အန်ကယ်နားလည်ပါ"

အခြေအနေကတော်တောိတင်းမာနေတာဖြစ်သည်။ ရုံးစတက်လို့ Design လာပြောင်းတဲ့
C

lientက ပိုင်ရှင်နဲ့တိုက်ရိုက်ပြောမယ်ဆိုပြီး အစည်းအဝေးစထိုင်တာ တစ်နာရီကျော်ကြာရှိပြီဖြစ်သည်။ နှစ်ဖက်စလုံးကအလျော့မပေးကြတာ‌မို့ လေခုက ကသိကအောက်ဖြစ်စရာ။

"အန်ကယ်တို့ဘက်က အပြည့်မပေးနိုင်ရင်တောင်တစ်ဝက်တော့ပေးချေရပါမယ်နော်။ နန်းတို့လုပ်ငန်းစဉ်ဘက်မှာကျ စိတ်ကြိုက်ဆွဲထာတဲ့ Design တွေကဘယ်လိုမှထပ်အသုံးမပြုတာမလို့ပါ"

နန်းရှင်းပြလိုက်ပြီး အရေးကြီးတဲ့အချက်အလက်တွေကိုထုတ်ပြလိုက်သည်။ လျှပ်စစ်Designမို့ တောက်လုပ်ပြီးမှ ချိန်းရင်မလွယ်တော့။ တော်သေးသည်က Final Result ပေးရင်းမှပြောင်းခြင်းမို့ အချိန်တော့သိပ်မကုန်လိုက်။ Client တွေက foreignerစုံတွဲဖြစ်လိမ့်မယ်။ အမျိူးသားကြီးက တည်တည်ကြည်ကြည် ခံခံညားညားကြီးဖြစ်ကာ အပြုံးလေးတင်ထားတာတောင် အရှိန်အဝါတစ်ခုရှိနေစဲပင်။ အမျိုးသမီးကြီးကတော့ ပါတိတ်ဝမ်းဆက်ဝတ်ထားပြီး ဘာမှဝင်မပြော ခပ်ပြုံးပြုံးသာကြည့်နေသည်။ သို့ပေသိ အမျိူးသားကြီးကတစ်ယောက်ယောက်နဲ့တော်တော်လေးတူနေတယ်။

"ဒါဆို Design confirm ဖြစ်ပြီမို့ နန်းတို့ဘက်က‌ တပ်ဆင်ရေးတွေလုပ်တော့မှာပါ။ ကြာချိန်ကတော့ အကုန်အပြီးအစီး2လပါ"

နန်းစကားဆုံးတော့ Client အမျိုးသားကြီးကိုဘေးအမျိုးသမီးကတစ်ခုခုကပ်ပြောလိုက်ပုံရသည်။ ခပ်တည်တည်ဖြစ်သွားပြီးနောက်မှာ ဘေးက ဦးခိုက်ကိုကြည့်နေတာမို့ အလုပ်ကိစ္စအဆင်မပြေလို့လား တစ်ခုခုပြောချင်လို့များ ဆိုပြီးမေးဖို့ပြင်လိုက်ပေမဲ့

UnforgottenWhere stories live. Discover now