Part4

511 33 3
                                    

Zawgi

ဒီနေ့တော့ နန်းတို့စာမေးပွဲတွေအကုန်ပြီးပြီဖြစ်သည်။ နုငယ်နဲ့လျှောက်သွားဖို့ချိန်းထားပြီးသားမို့ အိမ်ပြန်ပြီးနုငယ်ကို စောင်ယုံတင်။ ဘွဲ့ယူဖို့စောင်ယုံဘဲကျန်တော့တာမို့ ဘာမှတော့လုပ်စရာမရှိတော့။ ဟိုလူကြီးဆီမှာ အတွင်းရေးမှူးလုပ်ဖို့အတွက် လေ့လာသင့်တာတွေလည်းလေ့လာထားပြီးပြီမို့ အကုန်အဆင်ပြေသည်။ နုငယ်နဲ့clubသွားရမလား။ မသွားတာကြာနေပြီ။

"နန်း"

ဘယ်လောက်ထိအတွေးလွန်နေသလဲတော့မသိ ရှေ့ကလူလက်လာဆွဲမှ မြင်တဲ့အဖြစ်။ ထိုလူကအခုထိဇွဲကောင်းတုန်း။

"ဪ ကိုသူရ"

"နန်းကိုလာကြိုတာ စာမေးပွဲပြီးပြီဆိုတော့ ဘာလုပ်ချင်လဲ"

နန်းမကြိုက်ပါ။ ထိုလူနဲ့ပိုင်စိုးပိုင်နင်းနိုင်တာတွေရော အကျင့်တွေရော ဘာတစ်ခုမှမကြိုက်။ Live မှာစတွေ့တာလို့ပြောပြီး လူနောက်ကိုတကောက်ကောက်လိုက်သည်။ ဟိုဟာမလုပ်နဲ့ဒီဟာမလုပ်နဲ့လို့လည်းပြောသေးသည်။ နန်းကိုဘယ်သူနဲ့မှအရောမဝင်ခိုင်း။ နုငယ်နဲ့တောင်ထိုလူကမကြည်။ နုငယ်ကလည်း ထိုလူကိုကြည့်မရတာမို့ သူရှိရင်နန်းဆီတောင်မလာတော့။ အငြင်းခံရတဲ့လူကဘယ်လိုမှမနေပေမဲ့ ကြာလာတော့ နန်းဘဲရှက်လာရသည်။ လူကြားထဲဆွဲလားရမ်းလားမလို့ ကျောင်းကလူတွေပါတစ်မျိုးထင်ကုန်တော့သည်။

"ဟိုကိုသူရ နန်းမလိုက်တော့ဘူး။ အိမ်ကလာကြိုမှာမလို့"

"နန်းဖေဖေကကုမ္ပဏီမှာရှိနေပြီး မေမေကတရားစခန်းဝင်နေတာမဟုတ်ဘူးလား"

နန်းတစ်ချက်တုန်သွားရသည်။ ထိုလူကကြောက်ဖို့ကောင်းလောက်အောင် အကုန်သိနေတာဖြစ်သည်။ ပထမတစ်ခါ သူ့ကိုအဆက်အသွယ်တွဖြတ်ပစ်ခဲ့တော့ နန်းစီးလာတဲ့ကားကို နောက်ကပစ်တိုက်ခဲ့ဖူးသည်။ အကြောင်းအရင်းကတော့ နန်းသူ့ကိုရှောင်နေလို့ပါတဲ့။ အဲ့ထဲကထိုလူကို နန်းကြောက်တာဖြစ်သည်။ မတော်လူကြားထဲတစ်ခုခုလုပ်ပစ်လိုက်မှဖြင့်။ အခုလည်းဆွဲထားတဲ့လက်ကို နန်းကရုန်းလေ သူကပိုညှစ်ထားလေနဲ့ လက်ကောက်ဝတ်က အတော်လေးကိုနီရဲနေလေပြီ။

UnforgottenWhere stories live. Discover now