Part 7

428 26 0
                                    

Unicode

"ကြိုးစားလိုက်တာ မိနန်းရယ် နားပါဦးလား"

နုငယ်စကားကြောင့် နန်းသွားဖွေးဖွေးလေးတွေပေါ်တဲ့အထိ ရယ်ပြလိုက်သည်။ နန်းက modeling ပိုင်းကိုသေချာလေ့လာခဲ့ပြီး သင်တန်းတွေတက်ခဲ့သည်။ အခုဆို Designer တွေနဲ့ Fashion Showတွေ ကြော်ငြာတွေရိုက်နေရပြီဖြစ်သည်။ နာမည်ကြီးရယ်မဟုတ်ပေမဲ့ ‌အတော်အသင့်တော့ နာမည်ရနေပြီဖြစ်သည်။ နဂိုထဲက vlogလေးတွေရိုက်တာရယ် Make up vlog, အဝတ်အစား vlogလေးတွေရိုက်ဖူးတော့ အားပေးတဲ့သူကအခံရှိပြီးသားပင်။ ချီးမွမ်းသူရှိရင် ကဲ့ရဲ့သူလည်းရှိကြတာပင်။

"ဒါ နန်းထိုက်သူမလား။ မိန်းကလေးအဝတ်အစားမဟုတ်ပဲမြင်ဖူးတာ ပထမဆုံးဘဲ။ ဘာလည်း မိန်းကလေးမဖြစ်ချင်တော့ပြန်ဘူးလား"

သင်တန်းအတူတူဆင်းခဲ့ပြီး 1st Winner up ရခဲ့တဲ့တစ်ယောက်က နန်းကိုမြင်တိုင်းခနဲ့တတ်သည်။ သူမဘယ်သူလဲဆိုတာ နန်းမသိရပါ။ နန်းကအမြဲ ကိုယ့်အလုပ်ကိုဘဲအာရုံစိုက်လုပ်တတ်သူမလို့။ ကြော်ငြာတစ်ခုမှာလည်း မှန်တံတားပေါ်တက်ရိုက်ရမှာမလို့ အရင်modelကငငြင်းတာမလို့ နန်းကိုလာကမ်းလှမ်းတော့ နန်းကလည်းစမ်းကြည့်ချင်တာနဲ့ လက်ခံပြီးမှ အရင်modelက သူမလည်း ရိုက်ပြီးမှသိတာပင်။

အဲ့ကြော်ငြာပြီးထဲ နန်းကနာမည်ပိုရလာပြီး ပွဲဆက်တွေလည်းများလာသည်။ အခုလည်း နုငယ်နဲ့ shopping ထွက်ရင်း ကြော်ငြာအကြောင်းပြောနေတာမလို့ သူမရောက်လာတာမသိလိုက်ခြင်း။ အိမ်နေရင်းပေါ့ပေါ့ပါးပါး hoodie နဲ့ဘောင်းဘီရှည်ဝတ်ထားပြီး ဆံပင်ရှည်တွေကို ခပ်မြင့်မြင့်ထုံးထားတာမို့ မြင်နေကြပုံနဲ့တော့ ကွဲထွက်သည်။

"နန်း မိန်းကလေးလိုဝတ်စားရတာ ဘယ်လောက်ကြိုက်နေပါစေ နန်းဟာ နဂိုထဲကယောင်္ကျားလေးတစ်ယောက်ပါအစ်မ။ အမှန်တရားဟာ မသမာသူတွေအတွက်ခါးပေမဲ့ပေါ့"

"နင်ဘာစကားပြောတာလဲ! မိန်းမလိုလို ယောင်္ကျားလိုလိုကများ။ ကြော်ငြာတွေဖြတ်လုနေပြီး အောင်မြင်လာတာကိုဂုဏ်ဆာနေတာ။ ဟွန်း လူကသာဘာမှမဟုတ်တာ ကုတ်ကမြင်း"

"ဒီမယ် မိန်းကလေး မင်းစကားပြောတာအတော်ရင့်လာပြီ။ နန်းကမိန်းကလေးအစစ်မဟုတ်တော့ရော မင်းသူ့အောင်မြင်မှုတောင်မှီလို့လား။ လူတွေများနော် သူများအောင်မြင်ရင်မနာလိုကြတာဘဲ"

UnforgottenWhere stories live. Discover now