Part 10

488 26 2
                                    

Unicode

"ဟဲ့ရေ ဘဲကြီးကဘယ်သူလဲလို့!!! လိုက်ဖက်နေမှုကြီးက"

"ဟုတ်ပါ့ကြည့်ပါဦး နန်းလေးကရင်ခွင်ထဲမြှုပ်နေတာဘဲ"

"ငါတော့အရှခံပြီးချစ်ရကျိုးနပ်တယ်ဟေး င့ါသားလေး သားမက်အကောင်းစား‌ရှာယူလာတာ"

"ဘဲကြီးကတော်တော်မိုက်တာနော် သေချာကြည့် Bodyကလည်းမိုက်တယ် ဘေးကမြင်နေရတဲ့မေးရိုး ရွှေအိုရောင်ဆံပင်တွေ တော်တော်မြင့်တဲ့အရပ် ဝိုး"

"အပေါ်ကတစ်ယောက်ရေ အဲ့တာတို့သားမက်ပါနော် ဦးထုပ်စိမ်းဆောင်းချင်နေတာ"

နန်းရဲ့ ig post အောက်တွင် အဖွဲ့သုံးဖွဲ့ကွဲသွားပြီဖြစ်သည်။ အရမ်းလိုက်တယ်ဆိုတဲ့အဖွဲ့ရယ် ဘဲကြီးရှယ်လန်းတယ်ဆိုပြီးကြူးချင်တယ်ဆိုတဲ့အဖွဲ့ရယ် ဘာနေနေ ရူပလန်းရင် အကုန်ကြူးတယ်ဆိုတဲ့အဖွဲ့တွေဖြစ်ပါတယ်။ နန်းကဲ့သူငယ်ချင်းမကတော့ ဖုန်းတွေဆက်တိုက်ဆက်နေတာမလို မကိုင်၍မရတော့ပါချေ။

"အင်း နုငယ်"

"ရားရား အဲ့တာဟိုဩစတေးလျသားမလား ဝါး တွဲနေတာတောင်ငါ့ကိုမပြောဘူးပေါ့။ အင်းပေါ့ငါကသူငယ်ချင်းတစ်ဝမ်းကွဲဆိုတော့"

နုငယ်စကားကြောင့် နန်းကသွားဖွေးဖွေးလေးတွေပေါလာတဲ့အထိရယ်မိတော့သည်။ သူငယ်ချင်းတောင် တစ်ဝမ်းကွဲတဲ့လေ။

"ငါတို့တွေ့မှသေချာရှင်းပြပါ့မယ် သေချာတာကနင်ကငါ့သူငယ်ချင်းအရင်းပါဟာ တစ်ဝမ်းကွဲမရှိရပါဘူး"

"အေး‌ပါ နင်ပြောတော့လည်းနင့်စကားပေါ့"

ဆူအောင့်အောင်ပြောပြီးချသွားတဲ့နုငယ်ကြောင့် နန်းမပြုံးဘဲမနေနိုင်တော့ပါချေ။ ပါတီကညနက်လေပိုပွဲဆူလေဖြစ်ပြီး ကနေတဲ့သူတွေကသက်သက် အေးဆေးသမားတွေကသက်သက်ဖြစ်သည်။ အခုလည်းကိုကိုက မမထားမိတ်ဆက်ပေးတဲ့ လူတစ်ချို့နဲ့အလုပ်ကိစ္စပြောနေကြတာဖြစ်သည်။ ခဏခဏလှည့်‌ကြည့်နေတာမလို့ ပိုမြင်ရအောင် ခုံရွှေ့ထိုင်လိုက်ပြီး ကိုကိုကမြင်တော့ မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။ လူအေးကြီးကတော့ ခပ်တည်တည်နဲ့မျက်နှာလွှဲသွားပြီး ခေါင်းငုံ့သွားတော့သည်။ မဖြစ် ဒီလို romantic မဆန်တတ်ပုံမျိုးနဲ့ဆို တစ်ခုခုဆို အလွဲတွေဖြစ်ကုန်မှ နေသားကျနေအောင်များများ လုပ်ပြပေးရမည်ဟုတွေးထားမိလိုက်သည်။

UnforgottenWhere stories live. Discover now