Part 8

455 26 5
                                    

Unicode

"ဟဲ့ Luxettire Brandရဲ့ Brand Ambassador က နန်းထိုက်သူတဲ့ကြားပြီးပြီလား"

"ကြားပြီးပြီ အခုစထုတ်မဲ့ဝတ်စုံအတွက် photoshoot တွေတောင်ထွက်လာပြီလေ။ နန်းထိုက်သူလှချက်ကလေ ငါတောင်ငေးယူရတာတဲ့အထိဘဲ။ ပြီးတော့ သူနဲ့တွဲရိုက်ထားတဲ့ ဘဲကြီးကလည်းအသေလန်းတာနော် အရပ်များအရှည်ကြီးဘဲ တောင့်ဖြောင့်ပြီး မတ်နေတာများ ဓာတ်တိုင်ထောင်ထားသလားမှတ်ရတယ်"

"နင့်ဟာကချီးကျူးတာလား ဘာလားဟယ် လာလာဆက်ကြည့်ရအောင်"

Brand အသစ်တစ်ခုဆိုပေမဲ့ နဂိုနာမည်ရပြီးသားသူဖြစ်တဲ့ ထားကဦးစီးပြီး ဩစတေးလျက ပညာရှင်တော်တော်များများရှိတဲ့ Luxettireက ပထမဆုံးပွဲထွက်မှာတင် တော်တော်များများကိုဆွဲဆောင်ထားနိုင်ခဲ့သည်။ ပြည်တွင်းက အနုပညာရှင်တစ်ချို့နဲ့ဆိုအချိတ်အဆက်ရနေပြီဖြစ်သည်။ ထွက်ရှိလာမဲ့ Clothing style ကလည်း ရိုးရှင်းတဲ့ပုံစံကိုမှ ကြည့်လေလှလေဆိုတာမျိုးနဲ့ လူတော်တော်များများအတွက်သင့်တော်မဲ့သံနှုန်းတွေနဲ့ ထုတ်လုပ်မည်ဟုကြော်ငြာထားခဲ့တာမလို့ အကုန်လုံးကစိတ်လှုပ်ရှားနေတာဖြစ်သည်။

တစ်ဖက်တွင်တော့ ပေါင်ချိန်နေတဲ့လူတစ်စုရှိနေလေရဲ့။

"နန်းအရပ်ကရှည်လာတယ် 5'9နီးနီးဘဲ။ ပေါင်ချိန်ကတော့အတော်ဘဲ အစားမလျော့လည်းရတယ်"

Trainer နဲ့စကားကြောင့် နန်းရယ်ပြလိုက်သည်။ Luxettireရဲ့ Brand Ambassador ဖြစ်ထဲက နန်းခန္ဓာကိုယ်ထိန်းသိမ်းဖို့ Trainerကအစ Manager, ပွဲတွေအတွက် Make up teamအဆုံးထားရှိပေးတာဖြစ်သည်။ Luxettireရဲ့ Fashion Showမတိုင်ခင် Body  check out လုပ်နေတာဖြစ်သည်။ နန်းကအသက် 24နှစ်ထဲဝင်နေပြီဖြစ်ပြီး အရပ်လည်းပိုရှည်လာကာ ပိုလည်းလှသွေးကြွယ်လာသည်။ Modeling ဘက်လုပ်မည်ဟုအိမ်ကိုပြောတုန်းက မေမေနဲ့ဖေဖေက စိုးရိမ်ခဲ့ပေမဲ့ အခုတော့ ဝမ်းမြောက်ဝမ်းသာဖြစ်နေကြပြီဖြစ်သည်။ နန်းရဲ့ Runway တိုင်းကိုလိုက်ကြည့်ပြီး ဂုဏ်ယူနေတတ်ကြသည်။

"ပွဲနေ့ကျ နန်းက ပုံမှန်မော်ဒယ်တွေနဲ့ဝင်စရာမလိုဘူးနော်။ Mr မော်ဦးခိုက်နဲ့အတူတူဝင်ပြီး Final ကျမှ Main Design ကိုဝတ်ပြပြီးထွက်လာယုံဘဲနော်"

UnforgottenWhere stories live. Discover now