"တာ့တာ ဘောမ်ဂယူ ကြိုးစားလိုက်ဦး"
ဒီနေ့ ဘောမ်ဂယူ သန့်ရှင်းရေး တာဝန်ကျတယ်။ဒါကြောင့် ဆူဘင်းက သူမလုပ်ရတော့ အိမ်ကို ပြန်သွားတယ်။ဘောမ်ဂယူနဲ့ သန့်ရှင်းရေး လုပ်မယ့် ကျောင်းသားအချို့သာ ကျန်တယ်။ဘောမ်ဂယူ သန့်ရှင်းရေး လုပ်နေခဲ့တယ်။
ကျွန်တော် အခန်းထဲက အမှိုက်တွေကို ရှင်းနေတုန်း အခန်းဆီကို လာနေတဲ့ ခြေသံကြားတယ်။ခြေသံက အခန်းရှေ့မှာ ဆုံးသွားတယ်။
"ချွဲဘောမ်ဂယူ ရှိလား မသိဘူး"
ဒီအသံက ကျွန်တော့်အတွက် အချိန်တိုလေး အတွင်း ရင်းနှီးသွားခဲ့တယ့် အသံ။ကျွန်တော် ခေါင်းထောင်ပြီး ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပါပဲ။သူပေါ့။သူက တံခါးကိုမှီရင်း ရပ်နေတယ်။သူက ကျွန်တော့်ကို ခေါ်ပြီး ဘာလုပ်မလို့လဲ?။
"ရှိတယ်"
သူက နံရံကို မှီနေရာက ကျွန်တော့်ဆီ လျှောက်လာတယ်။
"ဟိုတစ်နေ့က ဘတ်စ်ကားပေါ်က တစ်ယောက်လား"
သိရဲ့သားနဲ့ မေးနေတာလား တကယ် မမှတ်မိတာလား။
"ဟုတ်တယ်"
"အော် ကျွန်တော်က ဘောမ်ဂယူ ကျန်ခဲ့တဲ့ အထုတ်ကို ပြန်ပေးမလို့ပါ"
အမလေး။ကျေးဇူးရှင်လေး။ကျွန်တော့်ရဲ့ ဂျောင်မီဆီက ပိုက်ဆံတွေ ပြန်ရတော့မယ်။နေပါဦး။သူက ကျွန်တော့်နာမည်ကို ဘယ်လိုသိနေတာလဲ။ခေါ်တာကလဲ တကယ့်သူငယ်ချင်းကျလို့ ဘောမ်ဂယူတဲ့။
"ကျေးဇူးပဲ ဒါနဲ့ မင်းနာမည်ကရော ငါ့နာမည်က မင်းသိပြီးသားပဲ"
"ကျွန်တော့်နာမည်က ဂန်ထယ်ဟွန်း နောက်နေ့မှ ပစ္စည်းတွေ ပြန်ပေးမယ်နော် ဒီနေ့တော့ ပါမလာလို့"
ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တယ်။သူက မပြောမဆို အမှိုက်တွေကို ကောက်သိမ်းတယ်။
"ရာ့ ထယ်ဟွန်း မကောက်နဲ့ ထားလိုက် ငါကောက်လိုက်မယ်"
သူက လက်မခံ။အခုမှ တွေ့တဲ့ လူတစ်ယောက်ကို ဘာလို့ ကူညီချင်နေတာလဲကွာ။ကျွန်တော်နဲ့သူ အတူ သန့်ရှင်းရေး လုပ်ခဲ့တယ်။ကျွန်တော်သူ့ကို ခဏခဏ ကြည့်နေမိတာ သူကတော့ သတိထားမိမယ်မထင်။