"မောင်~"
ချိုသာအေးမြ ခေါ်သံလေးအပြီးမှာ ဂယူက သူ့လက်ကို ချိတ်ဆွဲကာ အိမ်ထဲခေါ်တယ်။
"အမေ မောင် ရောက်ပြီ"
အန်တီက ပျာပျာသလဲ ထွက်လာပြီး ကြိုဆို၏။ဂျောင်မီကရော ပြုံးပြရင်း ထမင်းဝိုင်းဆီ ခေါ်တယ်။အန်တီ့မျက်နှာက အရင်ကထက် အနည်းငယ် ကျသွားတာကလွဲလို့ ပကတိငြိမ်းချမ်း နေ၏။ဂျောင်မီကလည်း အရင်လို ခပ်စွာစွာ ကလေးမ မဟုတ်တော့ဘဲ ရင့်ကျက်လာပြီ ထင်ပါရဲ့။
"ထယ်ဟွန်းလေးကတော့ အရင်လိုပဲ ဘာမှထွေထွေထူးထူး မပြောင်းလဲသွားဘူး"
အန်တီရဲ့ စကားကြောင့် သူ ခပ်ပါးပါး ပြုံးလိုက်တယ်။
"ထယ်ဟွန်းလေး အမေအတွက် စိတ်မကောင်းပါဘူး"
"ရပါတယ် အန်တီ"
"ကဲ စကားမပြောဘဲ ထမင်းစားရအောင် ဂျောင်မီ ဗိုက်ဆာပြီ"
ဗိုက်ကို ပွတ်ကာ ဆာနေသလို လုပ်နေသော ဂျောင်မီ့ကို ဘောမ်ဂယူ မျက်စောင်း ထိုးလိုက်၏။ဒါကို မြင်တဲ့ ဂျောင်မီကလည်း စပ်ဖြီးဖြီး ပြုံးရင်း ပြောတယ်။
"အစ်ကို ထယ်ဟွန်းက နိုင်ငံခြားက ဖြူဖွေးဖွေး ရုပ်ချောချော ကောင်မလေးတွေကို မကြိုက်ဘဲ ဘာလို့ ဒီ ချွဲဘောမ်ဂယူကိုမှ လာကြိုက်ရတာလဲဟင်"
"ရာ့ ဂျောင်မီ"
သူက ထအော်လိုက်တော့ ဂျောင်မီက လျှာကို ထုတ်ကာ ပြောင်ပြရင်း ပြုံးလိုက်တယ်။အမေနဲ့ မောင့်ကို ကြည့်တော့ သူတို့နှစ်ယောက်ကို ကြည့်ရင်း ရယ်နေ၏။သူ နုှတ်ခမ်းကို တစ်တောင်လောက် စူလိုက်ပြီး ထမင်းတွေကို အားရပါးရ စားပစ်လိုက်တယ်။
အန်တီနဲ့ ထယ်ဟွန်းကသာ ရောက်တက်ရာရာ ပြောရင်း ရယ်မောနေကြပေမယ့် နုှတ်ခမ်းစူထားဆဲ ဂယူ့ကို သူတွေ့နေရတော့ အဆင်ပြေမနေ။ဂယူ့ဘာတွေ အလိုမကျဖြစ်နေလဲ သူနားမလည်နိုင်။ဒီပုံစံနဲ့ဆို ဒီနေ့ dateလုပ်ဖို့ စီစဉ်ထားတဲ့ နေရာကိုတောင် ရောက်ပါ့မလားမသိ။
ထို့ကြောင့် အန်တီနှင့် စကားစ ဖြတ်ကာ ခွင့်တောင်းပြီး ဂယူကို ခေါ်လာခဲ့တယ်။ဒါပေမယ့် ဂယူက စကားတစ်ခွန်းမှ မပြောဘဲ ကားပေါ်ကို တက်သွားခဲ့တယ်။