8

258 43 0
                                    

တစ်စုံတစ်ယောက်ကို စောင့်ရတာ သိပ်မုန်းဖို့ကောင်းတယ်။

သူ့ရဲ့ နုှတ်ခမ်းပါးဟာ အတွေးတချို့ကြောင့် ပြုံးမိသွားတယ်။တစ်ယောက်ယောက်အကြောင်းပေါ့လေ။ဒီဇင်ဘာလ အအေးဒဏ်က လူတိုင်းကို ကျောထဲစိမ့်သွားစေတယ်။အကျ ခပ်ထူထူ ဝတ်ထားတာတောင် လေတစ်ချက်တိုက်လိုက်ရင် တော်တော် အေးတာ အမှန်ပါ။ကော်ဖီဆိုင်ကို ဦးတည်သွားနေတဲ့ သူ့ခြေလှမ်းတွေက နှင်းတွေကြားမှာ အေးခဲချင်လာသလိုလို။ညနက်လာလေ အအေးပိုလာလေ ထင်ပါရဲ့။ခန္ဓာကိုယ်ကို ခပ်မြန်မြန် လှုပ်ရှားကာ ဆိုင်ထဲကို ဝင်ထိုင်လိုက်ရတော့တယ်။

ဝန်ထမ်းကောင်လေးက အလိုက်သိစွာ သူဝင်လာတာနဲ့ ကော်ဖီတစ်ခွက် ချပေးတယ်။သူ အေးနေတာ သိသာလို့ ထင်တယ်။ဖုန်းကို ထုပ်ကာGalleryထဲက ဓာတ်ပုံအဟောင်းလေးတွေကို ပြန်ကြည့်မိတော့ လွမ်းရတာအမှန်။နားကြပ်တစ်ဖက်ကို နားမှတပ်ကာ စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ ကောင်လေးရဲ့ ပုံရိပ်က တကယ့်ကို ကြည်နူးစရာပါ။အတိတ်က ပုံရိပ်တချို့က ခေါင်းထဲမှာ ပေါ်လာတယ်။

"ဂယူ ဘာတွေကြည့်နေတာလဲ"

မောင့်အမေးကြောင့် လက်ထဲက ဖုန်းကို အလျင်အမြန် သိမ်းလိုက်ကာ ပြောလိုက်တယ်။

"အမ် ဘာမှမဟုတ်ပါဘူး"

"မောင့်ပုံကို ခိုးရိုက်နေတာလား?"

"မဟုတ်ပါဘူး မောင့်နောက်က နံရံလေးက လှလို့"

သိသိသာသာ ဗြောင်လိမ်တာပါ။မောင်က မပြောမဆို ဖုန်းကို ထုပ်ကာ ဓာတ်ပုံတစ်ပုံ ရိုက်လိုက်တယ်။Flashlightနဲ့မို့ ရုတ်တရက်ဆိုတော့ လူက မျက်လုံးတွေ ပြာတာတာဖြစ်ကာ ဘာမှမမြင်ရတော့။

"ရပြီ ဒါဆိုကျေပြီ"

မောင့်ရဲ့ ဝိုးတဝါး ရေရွတ်သံ။မျက်လုံး​တွေကို ပွတ်သပ်အပြီး မောင့်ကို ကြည့်တော့ ပြုံးနေတယ်။သိပ်ကို နှစ်ခြိုက်ဖို့ကောင်းနေတဲ့ မောင့်အပြုံးတွေက သူ့ဦးနှောက်နံရံမှာ စွဲထင်ဆဲ။

"တူ တူ"

သူ့လက်ထဲက ဖုန်းရဲ့အသံ။အိမ်က ဖုန်းဆက်တယ် ထင်ပါရဲ့။သူထင်တဲ့အတိုင်းပါပဲ။ဂျောင်မီ့ဆီက..

မောင်(ေမာင္)Tempat cerita menjadi hidup. Temukan sekarang