တစ်လ။
မောင်နဲ့ ဘောမ်ဂယူ သိတာ တစ်လရှိပြီ။မောင်ဟာ ဘောမ်ဂယူကို စရတာ သဘောကျတယ်။မောင်ဟာ ဘောမ်ဂယူရဲ့ ဆံနွယ်ပျော့ပျော့ တွေကို ကိုင်တွယ်ရတာ သဘောကျတယ်။မောင်ဟာ ဘောမ်ဂယူ စာမလုပ်ရင်လဲ ဆူတတ်တယ်။မောင်စိတ်ဆိုးနေရင် သိပ်ချစ်ဖို့ကောင်းတယ်။မောင်က စိတ်ဓာတ်လဲ သန်မာပြတ်သားသလို ပျော်လဲပျော်တတ်တယ်။မောင့်မှာ သူငယ်ချင်း များများစားစား မရှိ။လူက ခပ်တည်တည်မို့ သူ့ကို လူတွေက ရှိန်တယ်။
မောင်က သီချင်းရေးရတာ ၊ ဆိုရတာ သိပ်သဘောကျတယ်။မောင်သီချင်းဆိုတာက သိပ်ကို နားထောင်လို့ကောင်းတယ်။မောင်က ဂစ်တာတီးရင်းလည်း သီချင်းဆိုတတ်တယ်။မောင်အသံက အရမ်းနားထောင်လို့ ကောင်းတယ်။ဘောမ်ဂယူ သဘောကျတယ်။မောင်က တစ်ခါတစ်ခါ ပြောတတ်တယ်။
"မောင် အဆိုတော် ဖြစ်ချင်တယ်" တဲ့။
"လုပ်လေ အဆိုတော် လုပ်မယ်ဆို မောင်နဲ့ လိုက်တယ်"
ဘောမ်ဂယူ အဲ့လို ပြောလိုက်တော့ မောင်က မှိုင်တွေ သွားတတ်တာ သတိထားမိတယ်။မောင်မှာ ဘာကိစ္စရှိလို့လဲတော့ ဘောမ်ဂယူ မသိ။
မောင်က သိပ်ဆိုးတယ်။ဘောမ်ဂယူကို ညနက်ထိ သူ့အကြောင်းပဲ တွေးအောင် လုပ်တယ်။တစ်ရက်မတွေ့ရ မနေနိုင်အောင် လုပ်တယ်။မောင်ဟာ အခုတော့ ဘောမ်ဂယူ့ဘဝရဲ့ အရေးကြီးတဲ့လူတစ်ယောက် ဖြစ်လာခဲ့တယ်။
အခု မောင်က ကျောင်းမှာဆိုရင် ဘောမ်ဂယူဆီ နေ့တိုင်း လာတတ်တယ်။အားလပ်ချိန်တိုင်းလဲ မချန် မောင်ဟာ လာတတ်မြဲ။ကြာလာတော့ ဆူဘင်းတောင် မျက်စိရှုပ်လာတယ် ထင်ရဲ့ ဘောမ်ဂယူကို အမြဲတမ်း သူဘာလာ လုပ်တာလဲ ဘာညာ မေးတယ်။မောင့်ကိုသာ မျက်စိရှုပ်တာ မောင့်သူငယ်ချင်း ချွဲယောန်ဂျွန်းကိုတော့ အမြဲ တွေ့ချင်နေတာကြီးပဲ။
"ဘောမ်ဂယူ!!"
ဂယူဟာ ဆူဘင်းရဲ့ အော်သံကြောင့် လန့်ဖျတ် သွားရတယ်။ဆူဘင်းတစ်ယောက် ရူးနေပြီ ထင်ရဲ့။
"ဘာ လဲ လူက အနီးအနားမှာ ရှိနေတာ တိုးတိုးပြောလဲရတယ် အရူးရဲ့ အာပြဲကြီးနဲ့ ငါ့လာအော်နေတယ်"