"ဘာ!!!"
တစ်ခန်းလုံးဝယ် အသံကျယ်ကြီးက ဟိန်းသွားတယ်။အခန်းထဲက လူတွေအားလုံးဟာ သူ့ကို ကြည့်နေကြတယ်။ဒါပေမယ့် သူဟာ ဘာမှ မသိတော့သလို နားတွေကို လက်နှစ်ဖက်နဲ့ ပိတ်ကာ အော်ဟစ်တော့တယ်။
"မဟုတ်ဘူး မောင်က အဲ့လို ဘယ်တောမှ မလုပ်ဘူး မင်းငါ့ကို လိမ်နေတာမလား လိမ်နေတယ်လို့ ပြောလိုက်စမ်းပါ"
"စိတ်ထိန်းပါဦး ဘောမ်ဂယူရာ ငါတို့လည်း အခုမှ သိရတာ ယောန်ဂျွန်းကိုတောင် ဘာမှပြောမသွားဘူး"
ဆူဘင်းစကားတွေဟာ သူ့နားထဲကို မဝင်တော့ဘဲ လွယ်အိတ်ကို ကောက်လွယ်ကာ အခန်းပြင်ပြေးထွက်ခဲ့တယ်။အရူးတစ်ယောက်လို ဦးတည်ရာ မရှိ ထွက်ပြေးလာခဲ့တယ်။အိမ်ခြေရာမဲ့ တစ်ယောက်လို သွားစရာနေရာ မရှိ။
ခြေဦးတည့်ရာ ပြေးထွက်လာရင်း သူဘယ်ရောက်နေလဲ မသိ။သိချင်စိတ်လဲ မရှိ။ပါးပြင်ပေါ်က မျက်ရည်စီးချောင်းဟာ ခြောက်ခါနီးဆဲဆဲ။ဒါပေမယ့်လည်း တစ်စုံတစ်ယောက် အကြောင်းကို တွေးလိုက်တိုင်း ပြန်လည် စိုစွတ်သွားတဲ့ ပါးပြင်ပါ။အဖြစ်အပျက်တွေဟာ သိပ်မြန်လွန်းတယ်။ကံကြမ္မာကြီးကပဲ ရက်စက်တာလား။ဒါမှမဟုတ် ကာယကံရှင်ကိုယ်တိုင်က ရက်စက်တာလား။မဝေခွဲတတ်။
တဝီဝီသွားလာနေကြတဲ့ ကားတွေကြောင့် သူဟာ တံတားပေါ်ကို ရောက်နေကြောင်းကို သိလိုက်ရပြီ။လေတွေတိုက်တိုင်း ပြေးဝင်လို့ရမယ့် ရင်ခွင် မရှိ။မှီခိုရာ မရှိ။သူ့ရဲ့ခြေထောက်တွေဟာ တံတားလက်ရန်းပေါ်ကို အလိုလို တက်သွားခဲ့တယ်။တံတားလက်ရန်းပေါ်ကနေ လက်နှစ်ဖက်ကို ဆန့်တန်းရင်း ကောင်းကင်ကြီးကို မော့ကြည့်တယ်။ကောင်းကင်ကြီးဟာ အုံ့မှိုင်းမှိုင်း။အရမ်းအကျည်းတန်လွန်းတယ်။ထပ်ပြီး စီးဆင်းလာပြန်တဲ့ မျက်ရည်တွေက ပါးပေါ်မှာ အပြည့်။တံတားအောက်မှာ ရေတွေအပြည့် ရှိတယ်။သူ့စိတ်တွေဟာ ပေါ့ပါးနေပြီ။ခန္ဓာကိုယ်က အလိုလို ကွေးညွတ်သွားတယ်။အောက်က ရေတွေနဲ့ ထိလုထိညားပေါ့။
"ဘောမ်ဂယူ!!!!!"
အော်သံနဲ့ ကျယ်လောင်စွာ ပြေးဝင်လာခဲ့တဲ့ ခန္ဓာကိုယ်တစ်ခု။အသံနဲ့အတူ တံတားပေါ်ကို ကိုယ်နှစ်ခုဟာ လွင့်စင်သွားတယ်။အသားတွေက စပ်ဖျဥ်းဖျဥ်း။ဆူဘင်း!။