(Part-2) Plan

219 9 0
                                    

ကျောင်းသား၊သူ တော်တော်များများက ကိုယ့်အဖွဲ့နှင့်ကိုယ် စကားဝိုင်းနေကြသည့်အချိန်ဖြစ်သည်။သူမတို့၏ အတန်းပိုင်ဖြစ်သောတီချယ် နေရီ၏ အချိန်တိုင်းအမြဲဒီလိုပင်။အပြုံးချိုချိုနှင့် ကျောင်းသား၊သူ တွေကို အလိုလိုက်သော တီချယ်နေရီအား ကျောင်းသား၊သူ တွေအားလုံးကလည်းချစ်ကြ၏။

သူ့နေရာနှင့်သူ တိတ်ဆိတ်နေသည်ကို ဖြိုခွင်းလိုက်သူက ကျောင်း၏ လော်စပီကာမလေး စုဝတ်မှုန်။အတန်း၏ whiteboard stage ပုပုလေးတွင်တက်ကာ

စုဝတ်မှုန် : "အဟမ်း!!တီချယ်နေရီက အစီစဉ်တစ်ခုလုပ်မယ်လို့ကြားတယ်။အဲ့အစီစဉ်ထဲမှာ Class A ကနေ C အထိ တစ်ယောက်မကျန်အကုန် camp ထွက်ရမှာတဲ့"

စုဝတ်မှုန်၏ စကားအဆုံး တစ်တန်းလုံးမှာ ပျော်ရွှင်မြူးထူးသံတို့ ထွက်လာကြသည်။သို့ပေမယ့် လော်စပီကာမလေးက စကားကိုဆက်၍

စုဝတ်မှုန် : "ပြီးတော့ Class အကုန်လုံးကိုပေါင်းပြီးတော့ အုပ်စုလည်း ခွဲပစ်မှာပါတဲ့။ဆိုတော့ ကိုယ့် crush လေးနဲ့နီးစပ်ဖို့အတွက်ပြင်ဆင်ထားလို့ရပါပြီနော်"

တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ခေါင်းချင်းဆိုင်ကြကာ ထိုအစီစဉ်အတွက် အသီးသီး plan ချနေကြမှာအမှန်။သို့သော် သူမမှာတော့ ချစရာ plan မရှိတာမို့ အေးအေးလူလူပင်နေလိုက်၏။

သို့သော် မအေးဆေးနိုင်သူ သုံးယောက်က သူမဆီသို့ပါ အပူကပ်ရန် ပြင်ဆင်နေကြ၏။

အိမ့်ခြယ် : "စံလွှာ...ငါတို့လည်း ဗျူဟာဆွဲကြရအောင်လေ။ငါ့ crushက C ခန်းထဲမှာရှိတယ်။ခင်လေးကလည်း B ထဲမှာပဲနဲ့ ဒေါ်ဘရဏီကတော့ နင်သိတဲ့အတိုင်းပဲ"

ဟုတ်ပါ၏။ဘရဏီသည် သူမတို့နှင့်တစ်ခန်းတည်းရှိ ရေခဲတုံး ယဇ်မင်းကြီး အား အလွန် အလွန့်ကို သဘောကျကာ ကြိတ်ကြိုက်နေသူ ဖြစ်၏။

"ကျွန်မက‌ ကျတော့ရော..? ကျွန်မ မှာ ဘာမှလည်းမရှိပဲ ဘယ် plan ကိုဆွဲရမလဲရှင့်"

စူအောင့်အောင့်လေးပြောတော့ အားလုံးက ဝိုင်းရယ်ကြသည်။သူမကို လှောင်ရယ် ရယ်ခြင်းမဟုတ်၊သူမ၏ အမူရာလေးအား သဘောကျ၍ ရယ်ကြခြင်းပင်ဖြစ်သည်။ဘုံရာစံလွှာသည် ထို့သို့သော အချစ်ခံလူသားလေးပင်။

OSIRIS Where stories live. Discover now