(Part -5) Song 🎶

120 5 0
                                    

Cardigan sweater နို့နှစ်ရောင်လေးနှင့် jean pant ကို တွဲဖက်ဝတ်ဆင်ထားသည့် သူမပုံစံက တကယ့်ကို ရိုးရိုးလေး။ဘုရင်မ ဘွဲ့ခံသည့် နှုတ်ခမ်းတို့ပေါ်၌ ပန်းဆီရောင် တို့က လျှပ်ပါးပြေးလွှားနေ၏။

သူသူသွန်း : "လူစုံလောက်ပြီမလား စံလွှာ"

သူမတို့၏ Team ၌ပါသော Class C မှကောင်မလေးက ကားထွက်ရန် စကားစပြုလာ၏။

"စုံလောက်ပြီထင်တာပဲ"

အိုရာလင်း : "မောင် မှ မပါသေးတာကို"

သူမ၏ အဖွဲ့နှင့် ဘာမှမဆိုင်ပဲ ကြားဝင်ပြောလာသော အိုရာလင်းကြောင့် အားလုံးက ဘေးရှဲသွားကြ၏။

အိုရာလင်း : "ယူ့ကို စိတ်ချမယ်နော်။မောင်က သိပ်ဆိုးတော့ ယူ့ဘက်ကပဲ ကင်းကင်းရှင်းရှင်းနေပါ"

နှစ်ကိုယ်ကြား ကပ်ပြောလိုက်ခြင်းဖြစ်သော်ငြား သူမပါးနှစ်ဖက်မှာရဲတက်သွား၏။ဒါ သူ့ကြောင့် သူမဘက်က အပြောခံရခြင်းဖြစ်သည်။မျက်နှာမပျက်စေရန် အမြန်ဆုံးထိန်းလိုက်ကာ

"ကျွန်မကတော့ ကိုယ့်အထာနဲ့ကိုယ်ပဲ။လင်းသာ ကိုယ့်လူကို ထိန်းပါ။တော်ကြာ ကျွန်မဘက်ရောက်လာမှ ကျိတ်မနိုင် ခဲမရဖြစ်နေမှာစိုးလို့"

အိုရာလင်း : "တောက်စ်!!!နင့်လိုဟာမကများ"

"မင်းလက်ကို ဖယ်လိုက် လင်း!!"

လက်တပြင်ပြင်ဖြစ်နေသော အိုရာလင်းအား သူရဲကောင်း ဝင်လုပ်ပြီး သူကသာ အမြန်ဆွဲထိန်းသည်ပေါ့။နှုတ်ခမ်းကမဲ့ပြုံးနှင့် သူမ ဟန်ပန်က သူ့အား မကျေနပ်။ရှင့်အကွက်နဲ့ ရှင်ကတော့ ဟုတ်နေတာပဲ။

"ဒီအချိန်က Team အလိုက် သူ့နေရာနဲ့သူရှိတယ်။မင်း နေရာမင်း သိမယ်ထင်ပါတယ်"

အိုရာလင်း : "မောင် ပြောစရာမလိုပါဘူး။မောင်သာ ခပ်ကြောင်ကြောင် မိန်းမတွေနောက် ပါမသွားဖို့ပဲ ဂရုစိုက်"

ဆောင့်အောင့်ကု ထွက်သွားသော အိုရာလင်းကိုဖြစ်စေ၊သူမနှင့် သူ့ကိုဖြစ်စေ အများက ကွက်ကြည့်ကွက်ကြား ကြည့်နေကြ၏။

အဖွဲ့ထဲက လူတွေထံမှ "ငါတို့ leader နှစ်ယောက်ကတော့ ပွဲပဲ"ဟုလည်း ပြောဆိုသံတစ်စွန်းတစ်စကြားနေရသည်မို့ သူမစိတ်ပျက်မိသည်။

OSIRIS Tempat cerita menjadi hidup. Temukan sekarang