(Part-8) The Snare

159 8 3
                                    

တစ်ယောက်တစ်ပေါက်စီ ပေးနေကြသော မဲသည် ယဇ်မင်းနှင့် သူမ၏ တွဲလျက်သားအမည်လေးတွင် အဆုံးသတ်သွား၏။
သူမတို့၏ အောက်နှစ်ထပ်မျှတွင်ရှိနေတာက သမားအီရို & အိုရာလင်း
ထို့အောက်တွင်တော့ ဆက်ပိုင်ခန့် & သူသူသွန်း ။

တီချယ်နေရီ :  "ကဲ မဲအများဆုံးအတွဲ တွေထွက်လာခဲ့ကြပါ"

သူမက နောက်တစ်ခေါက် ထကာ ရင်တစ်မမဖြင့် ထွက်ခဲ့သည်။ဏီ...ဏီသည် မည်သို့ရှိနေပါမည်နည်း။ရင်ထဲတွင် စနိုးစနောင့် ဖြစ်မနေစေရန် သူမဆုတောင်းမိ၏။ဟိုဘက်ခပ်လှမ်းလှမ်းမှ မျက်စိမျက်နှာ ပျက်နေသည့် လူ့ဂွစာကို မြင်လိုက်သော်လည်း မသိသလိုသာ နေလိုက်သည်။နေစမ်းပါ...အလကား အာရုံ။

ယဇ်မင်း၏ မျက်နှာမှာ အပြုံးရိပ်တို့က ဖုံးကွယ်မရအောင် ခိုတွဲနေသည်။ကွဲပါပြီ။ဏီ့ရင်တွေ ကွဲပါပြီလေ။မျက်ရည်တစမ်းစမ်းဖြင့် မသိမသာ ကြိတ်ငိုနေရသော ဏီကို ဘယ်သူမှ ကြည့်မနေသေးလို့ တော်သေးသည်။

တီချယ်နေရီ : "ကဲ!! Box တွေ ဖွင့်ကြည့်လို့ရပါပြီ။"

တီချယ့်စကားသံအဆုံးတွင် ယဇ်မင်းက အလိုက်တသိနှင့် အဖုံးကို ဆွဲဖွင့်ပေးသည်။မိုးပေါ်သို့ ပျံကာ တက်သွားသော ပူဖောင်းများကြောင့် ကျောင်းသားတစ်အုပ်စီမှ ဝါး ခနဲ အာမေဍိတ်သံတို့ ထွက်လာ၏။သူမကိုယ်တိုင်မသိစဉ်မှာပင် ပြုံးမိကာ အထဲမှ လက်ဆောင်လေးများကိုတွေ့တော့ ပိုပျော်သွားသည်။လက်ခုပ်ကို ကလေးတစ်ယောက်ကဲသို့ စိတ်လွတ်စွာ တီးနေသော သူမအား သမားအီရို၏ အကြည့်တို့က မလွဲ။

အိုရာလင်း : "မောင်!!!လင်းက ဒီမှာပါနော်။အဲ့ဟာမကို တော်တော်စွဲနေပုံရတယ်"

"စကားပြောတာ အရမ်းမရင့်နဲ့လင်း...တချို့အရာတွေပဲ ကိုယ်သည်းခံမယ်"

ဘာကို ဒေါသထွက်နေမှန်းမသိပဲ မေးကြောများထောင်နေသည့် မောင့်ကို လင်းဘာမှထပ်မပြောလို။တကယ်ဆို လင်းနဲ့မောင်ဟာ ချစ်သူ။ချစ်သူနှစ်ဦး ဒီလို ဂိမ်းမှာ အတူကျတာကို ပျော်ရမည်မဟုတ်ပါလား။ဒါ ဟိုမိန်းမကြောင့် ဟု တွေးရင်း ဘုံရာစံလွှာသည် လင်း အမုန်းဆုံးသော မိန်းမဖြစ်လာ၏။

OSIRIS Tempat cerita menjadi hidup. Temukan sekarang