( Part-7 ) Lucky or Unlucky

128 8 1
                                    

"မိုက်တယ်ကွာ!!!မင်းအကောင်နဲ့မင်းကျတော့လည်း သာယာဖြောင့်ဖြူးနေတာပဲ။ငါမင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ မသိတာလား။မသိချင်ယောင်ဆောင်နေတာလား"

သူမမျက်နှာရှေ့သို့ တိုးလာကာ အကြည့်စူးစူးတို့က ပေါက်ကွဲမတက် နာကျင်နေပုံရသည်။ထို့နောက် ခပ်လှမ်းလှမ်းနေရာသို့ လက်မှ ဆွဲခေါ်သွားသဖြင့် ကျောင်းသားတွေက ကျန်နေရစ်ခဲ့သည်။

"ဖယ်!!!!ဘာကိုချစ်တာလဲ...အခု ချစ်တယ်ပြောလိုက် ခဏနေကျရင် အရှက်ခွဲပီး ထင်သလိုပြောလိုက်နဲ့ ။ဘယ်မှာလဲ အချစ်!!ဟမ်...."

"........"

"ပြောလေ!!ပြောစမ်းပါ...တွေ့ကရာမိန်းမကို အချစ်တွေလှိုင်နေအောင် ဝေပေးတက်တဲ့ နင့်လိုလူမျိုးရဲ့ စာရင်းထဲ ငါကပါမယ်ထင်သလား"

"ငါ့အချစ်ကို မင်း‌ေစာ်ကားနေတာလားစံလွှာ!!!ငါဒီနေ့အထိ သည်းခံခဲ့တဲ့သူဆိုတာ မင်းကလွဲပြီးမရှိသေးဘူးနော်!!"

ဟက်!!ခနဲ ရယ်ချလိုက်ပုံကို သူက ဒေါသမျက်ဝန်းတို့နှင့် ကြည့်နေသည်။သူမ စတွေ့ကတည်းက စိတ်ဝင်စားမိခဲ့သော မျက်ဝန်းများပါပဲ။ဟုတ်ပါတယ်။ဒီခပ်စူးစူးအကြည့်တွေပါ။

"အဲ့တော့...ကျေဇူးတင်ရမှာလား။နင် စိတ်မရှင်းမှာစိုးလို့ သေချာပြောပြမယ်!!‌စွဲနေအောင်မှတ်ထား!!   နင့်လို မိန်းကလေးတိုင်းနဲ့ ထည်လဲတွဲနေတဲ့ ကောင်ကို ဘယ်တော့မှ ပြန်မချစ်နိုင်ဘူး။ရှင်းရှင်းပြောရရင် မုန်း....အွန့်!!"

သူမ၏စကားမဆုံးခင် ပိတ်နမ်းခံလိုက်ရသဖြင့် စိတ်က ပူပန်သွားသည်။သူ့အားနှင့် သူမခေါင်းလေးအား သေချာထိန်းကာ ပြင်းရှရှအနမ်းတွေဖန်တီးလိုက်သည်မို့ ဘယ်လိုမှပင် မခံနိုင်။

ထူပူနေသော နှုတ်ခမ်းများက တဖြေးဖြေးနာလာပြီး အသက်ရှုရခက်လာ၏။

သူ့ရင်ဘတ်ကို တဘုန်းဘုန်းထုကာ တားဆီးသော်လည်းမရ၊အို!!!သူမအား မည်သို့မည်ပုံသတ်မှတ်နေပါသနည်း။

ရုတ်တရက် လွန်းလူးစွာ ထုနှက်လာသော သူမကြောင့် သူ့စိတ်ရိုင်းတို့ လွင့်စင်ကာ အနမ်းမိုးတို့ ရပ်စဲပေးမိသည်။

OSIRIS Tempat cerita menjadi hidup. Temukan sekarang