တောအုပ်ဆန်ဆန်ဖြစ်သော ဤနေရာသည် လူပြောများကာ အသွားအလာနည်းသောနေရာဖြစ်၏။
ရှုခင်းကတော့ တကယ့်ကို လှပလွန်းသည်မို့ ဘယ်နေရာမဆို မျက်စိမလွှဲနိုင်စရာပင်။ရာသီဥတု အတော်လေးအေးသည်ဟုပင်ပြောရမည်။သစ်ပင် စိမ်းညှို့ညှို့တို့က ပတ်ပတ်လည်လည်ရှိနေသည်။ဟိုတစ်အုပ်ဒီတစ်အုပ်နှင့် ပစ္စည်းချသူချ၊Tent ထိုးသူ ထိုးနှင့် ကိုယ်စီအလုပ်ရှုပ်နေကြ၏။
ကားပေါ်၌ ဖြစ်ပျက်သော အဖြစ်အပျက်ကိုသော်လည်းကောင်း၊သူ၏ သီချင်းဆိုခြင်းကိုသော်လည်းကောင်း ယခုအချိန်ထိ ပြောမဆုံးကြ။
အိုရာလင်း : " ယူ့သတင်းတွေကြားပြီးပြီ။မောင့်ကို လုံးဝစိတ်မဝင်စားတဲ့ပုံနဲ့ ဖြေးဖြေးချင်းဖမ်းယူနေတာပဲ"
တကယ့်ကို ပြဿနာရှာတက်တဲ့ မိန်းမဟု စိတ်ထဲတွင် ပြောဆိုလိုက်ရင်း ညည်းညူမိသည်။ဘာကြောင့် လူကို လာလာပြီး ရန်လုပ်နေရတာလဲ။တကယ်ဆို လွန်သူက ကိုယ့်လူ ဆိုတာ သိသင့်ပါရဲ့။
"ပြဿနာရှာရမှ စားဝင်အိပ်ပျော်တယ်ဆို တခြားသူကို သွားရှာ လိုက်ပါ အိုရာလင်း၊ညနေမစောင်းခင် Tent တွေအကုန်ထိုးရမှာမို့ နင့်လိုတော့ မအားသေးဘူး"
တကယ်ဆို သူမတို့ Team Love လောက်မြန်တဲ့ Team မရှိပါ။တီချယ်ကိုယ်တိုင်ကပင် သဘောကျနေသော အဖွဲ့လည်း ဖြစ်၊ယခုကဲ့သို့ အလုပ်ကြိုးစားေနသည်ဟု ကွေ့ဝိုက်ပြောလိုက်သောအခါ အိုရာလင်း၏ မျက်နှာညိုပုပ်သွားသည်။
"ငါ့ကိုများ ပြဿာနာမလို့ ထင်နေတာလား။နင်သာ မောင့်ကို ငါ့ဆီကနေ လာမလုနဲ့။မောင်က ငါ့အပိုင်။မောင်ရဲ့ အချစ်တွေက ငါ့ဆီမှာပဲရှိတာ။နင်ဘယ်တော့မှ မောင့်ကို ရမှာမဟုတ်ဘူး"
"အော် ဟော်း...ဒီမှာ လာပြီး မောင်မိုးရွာပြမနေနဲ့။ငါအချဉ်ပေါင်းလည်း မစားချင်ဘူး။ရှင်းအောင်တော့ ပြောလိုက်မယ်။နားကလောအောင် နင်ခေါ်နေတဲ့ အဲဒီမောင် ဆိုတဲ့အကောင်ကို စိတ်ပျက်လွန်းလို့။နင်သာ ငါ့နားကနေ ဝေးဝေးခေါ်သွားလိုက်"
ကိုယ့်ဘက်က ပြောစရာရှိတာ ပြောပြီးပြီမို့ ပစ္စည်းတွေကို နောက်တစ်နေရာသယ်ကာ Tent ထပ်ထိုးရန် ပြင်လိုက်ကြ၏။လူ့ဂွစာသမား။ဘယ်သူနဲ့မှ စကားမများချင်လို့ ကိုယ်ပါ့သာကိုယ် ငြိမ်းငြိမ်းချမ်းချမ်းနေတာတောင် နေလို့မရဘူး။အကုသိုလ်များတဲ့အကောင်။
ဘာကြောင့်များ သူမနှင့် လာ ပတ်သက်ရပါသလဲ။

KAMU SEDANG MEMBACA
OSIRIS
RomansaOwn creation 🌚 သူမအတွက်အချစ်၏ အစသည် မုန်းခြင်းမည်သလို သနားခြင်းဟုလည်းဖြစ်သည်။ထို့နောက် ခင်တွယ်ခြင်းဟုလည်းမည်ပြန်သည်။ထိုသို့ မြောက်မြားစွာသော ခံစားချက်တို့နှင့်ပင် သူမအချစ်ကို သူရအောင်ယူခဲ့လေသည်မဟုတ်ပါလား။ ဘာကိုမှဂရုမစိုက် ၊ ဇွတ်တရွတ်ဆန်သော ခပ်ဆိုးဆ...