Camp အတွက် လိုအပ်သော ပစ္စည်းတို့ကို အဖွဲ့လိုက် စုဆောင်းခွဲခန့်နေချိန်ဖြစ်သည်။
နိုဘယ်ကျော် : "Tent တွေက မြတ်နိုးသော် ယူလာပေးမယ်လို့ပြောထားတယ်နော်"
စာရင်းတွေတစ်ခုချင်းကောက်စစ်နေရင်း အသံထွက်လာခြင်းဖြစ်သည်။
ယဇ်မင်းကြီး : "အကုန်လုံးယူလာမှာလား"
နိုဘယ်ကျော် : "အကုန်လုံးတော့ ဖြစ်မယ်မထင်ဘူး။ဘာလို့လဲဆိုတော့ တချို့တွေကလည်း မလိုက်ဖြစ်တဲ့သူတွေရှိတယ်လေ"
ဟုတ်ပါသည်။တချို့က မလိုက်ချင်၊တချို့က ဖျားသည်။တချို့က မွေးရပ်မြေထံပြန်ကြသည်။ထို့ကြောင့် ကျောင်းသား၉၀ ကျော်ရှိသော Class ၃ခုသည် ယခုအခါတွင် ပျမ်းမျှအားဖြင့် ၆၀ ဝန်းကျင်သာကျန်၏။
အိုရာလင်း : "ဘယ်လောက်လောက် ကျန်သေးတာလဲဟင်။ကျန်တာကို လင်းယူခဲ့လိုက်မယ်"
နိုဘယ်ကျော် : "၂၀ ဝန်းကျင်ပါပဲ။ပြီးတော့ camp chair နဲ့ table တွေကရော"
"Chair နဲ့ Table က ဘယ်နှစ်ခုလောက်လိုတာလဲ။chair က ၁၀ ခုလောက်နဲ့ table 4ခုလောက်ဆိုရင်တော့ စံ ယူခဲ့ပါ့မယ်"
နိုဘယ်ကျော် : "အင်း။ဟုတ်တယ်!!အဲ့လောက်ပဲ"
သူ့ဘက်ကို သက်သက်မဲ့မလှည့်ပဲ ဇက်ကျိုးမတက်စောင်းထား၏။အခုထိ အခဲမကြေနိုင်ပါ။ဘယ်တော့မဆို ပီကေ တဝါးဝါးနှင့်၊သို့မဟုတ်လျှင် cigarette က ခဲထားတက်သေးသည်။
"ကိုယ်ကရော!!"
သူမဘက်သို့ စေ့စေ့ကြည့်ကာ မေးလိုက်မှန်း အားလုံးသိသည်။သို့သော ကျောပေးထားသော သူမက မသိ။
အိုရာလင်း : "မောင်က camp rug တွေရှာခဲ့ပေါ့"
မည်မျှအထိ ရှက်ဖို့ကောင်းပါသနည်း။သူမကို လူရှေ့သူရှေ့ နမ်းခဲ့သော ပြဿနာသည် တစ်ကျောင်းလုံး ဟိုးလေးတကျော် ဖြစ်သွားခဲ့ကာ အနည်ပင်မထိုင်သေး။မောင် ဟူသော နာမ်စားက ဘွင်းဘွင်းရှင်းရှင်းပင် ခေါ်ချလိုက်သည်လေ။
ဇေပိုင်မှူး : "ဟုတ်သားပဲ rug တွေလိုနေတာ မေ့တော့မလို့။ဒီလောက်ဆို အကုန်စုံပါပြီနော့်။အစားအသောက်ပိုင်းက နိုဘယ် ယူလာမာ်။lantern နဲ့ binocular တွေက ယဇ်မင်းယူလာမယ်။ကျွန်တော်နဲ့လင်းက sleepingbag,tent တွေနဲ့ သမားက rug, ပြီးတော့ စံလွှာက chair, table. Okပါပီ။ဒီလောက်ဆို"

YOU ARE READING
OSIRIS
RomanceOwn creation 🌚 သူမအတွက်အချစ်၏ အစသည် မုန်းခြင်းမည်သလို သနားခြင်းဟုလည်းဖြစ်သည်။ထို့နောက် ခင်တွယ်ခြင်းဟုလည်းမည်ပြန်သည်။ထိုသို့ မြောက်မြားစွာသော ခံစားချက်တို့နှင့်ပင် သူမအချစ်ကို သူရအောင်ယူခဲ့လေသည်မဟုတ်ပါလား။ ဘာကိုမှဂရုမစိုက် ၊ ဇွတ်တရွတ်ဆန်သော ခပ်ဆိုးဆ...