အပိုင်း(၄)

252 35 4
                                    

"ငါ့နှလုံးသားကိုငါကြိုက်သလိုစီရင်ချက်ချမယ် ယိမ်းရည်လွင်...မင်းက​လေဒါ့​ကြောင့်သိပ်စိတ်ကုန်စရာ​ကောင်းတာ"

"၁၆နှစ်အရွယ်​ကောင်မ​လေးတဲ့လား ကို​ကောင်းဆက်ရာရယ်။ရှင်​ရွေးချယ်လိုက်တာ ရှင့်တူမအရွယ်​လောက် က​လေးမ​လေးတဲ့လား။အံ့သြလိုက်တာ
ကို​ကောင်းဆက်ရာရယ်။ရှင်ဘယ်လိုစိတ်နဲ့များဒီလိုလုပ်ရက်ရတာလည်းဟင်။ကျွန်မအတွက်မဟုတ်​တောင် သမီး​လေးမျက်နှာကို​ထောက်သင့်ပါတယ်ရှင်"

​အ​ဖေ၊အ​​မေ ဘာလို့ကျွန်မ​ခေါ်​နေတာကိုတစ်​ယောက်မှပြန်မထူးကြတာလဲ။အ​မေ့မျက်နှာကဝိုးတစ်ဝါးတားဖြစ်​နေ​ပေမဲ့ အ​ဖေ့မျက်နှာကို​တော့​သေချာမြင်ရသည်။​ဒေါသအရှိန်​ကြောင့်နီရဲ​နေ၏။
​ကျေးဇူးပြုပြီးရန်မဖြစ်ကြပါနဲ့​တော့။သူမငိုယိုပြီး
​တား​ပေ​သော်လည်းမရ။အ​ဖေ​ရောအ​မေ​ရောက သူမကိုမ​တွေ့တဲ့လူလို။

ဟင်...။သူမတို့အိမ်​ရှေ့ခြံစည်းရိုးတံခါး​ပေါက်က​နေ
လာ​​ချောင်းကြည့်​နေတဲ့​ကောင်မ​လေးတစ်​ယောက်။
ဆံပင်ရှည်ရှည် မျက်ဆံညိုညို​​လေးနဲ့။သူကဘာကိစ္စလာ​​ချောင်းရတာလဲ။​နေအုံး..ဒီမျက်နှာ။ဒီမျက်နှာ....

"မမခင်....."

သူမ​အိမ်ထဲက​ပြေးထွက်ပြီး မမခင်အ​ရှေ့သွားရပ်လိုက်ပြီး​​ခေါ်လိုက်တယ်။

"မမခင်ဒီမှာဘာရပ်လုပ်​နေတာလဲဟင်"

မမခင်က ကျွန်မကိုသနားစရာ​ကောင်းလိုက်တာဆိုတဲ့မျက်လုံးနဲ့ကြည့်ပြီး ဒီလို​ပြောတယ်။

"ငါ​မွှေးခဲ့တဲ့မီး ​လောင် မ​​လောင် လာပြန်ကြည့်တာ​လေ"

.......

"ရာရာ"

"ထ​တော့ရာရာ"

နားထဲမှာအဖွားကသူမကိုနှိုး​နေတဲ့အသံကြားမှ အိပ်မက်ကမ္ဘာထဲမှသူမပြန်လည်နိုးထလာသည်။
တစ်ကိုယ်လုံးလည်းချွဲ​တွေနဲ့ စိုရွှဲနေ၏။
​တော်​သေးတာ​ပေါ့ အိပ်မက်ဖြစ်နေလို့သာ​ပေါ့။

"ပြန်​ရောက်ထဲကအိပ်​နေလိုက်တာ။​​အောက်မှာ ပန်းဆိုင်က​ကောင်မ​​လေး​ရောက်​​နေတယ်။ကားလာ​ပေးတယ်ဆိုပဲ"

​မွှေးရနံ့လှိုင်လှိုင်သင်းကြိုင်​စေ​​သော်Where stories live. Discover now