"ဟုတ် အဖေ။ကျွန်မအဖွားနဲ့အတူရှိနေပါတယ်"
"အဖေလည်းဒီကအလုပ်လေးတွေပြီးပြတ်သွားရင် လိုက်ခဲ့မယ်လို့သမီးအဖွားကိုပြောပေးနော်"
"ဟုတ်..အဖွားလဲ အဖေ့ကိုမျှော်နေတာ"
"အဖေအလုပ်သွားရတော့မယ်သမီးရေ။နောက်မှအားတဲ့အခါ အဖေဖုန်းပြန်ခေါ်လိုက်မယ်နော်"
"ဒါပဲနော်သမီးလေး ချစ်တယ်နော်"
အဖွားနဲ့အတူစျေးသွားပြီးပြန်လာတော့ အဖေ့ထံကနေဖုန်းဝင်လာခြင်းပင်ဖြစ်သည်။
အဖေနဲ့စကားသေချာမပြောဖြစ်သည်မှာ အတော်ပင်ကြာနေပြီ။သူမအဖွားဆီကိုရောက်လာသည့်တိုင်
အဖေနဲ့မတိုင်ပင်ဖြစ်။
အဘယ့်ကြောင့်ဆိုသော် အဖေကအလုပ်ကိစ္စနဲ့နိုင်ငံခြားကိုမကြာခဏခရီးထွက်ရသောကြောင့် သူမနဲ့အတူအိမ်တွင်ရှိနေသည့်အချိန်သည် မရှိသလောက်ပင်ရှား၏။ရှားရှားပါးပါး အဖေ့ထံကနေဖုန်းအရင်ဆက်လာသည်မို့ သူမပျော်ပါသည်။အဖေနဲ့ဖုန်းပြောပြီးလို့သိပ်မကြာပါ ဘေးခြံကအိမ်က မုန့်ဟင်းခါးလာပို့သည်မို့ သူမချိုင့်ကိုလှယ်ပြီးဆေးပေးလိုက်သည်။
မုန့်ဟင်းခါးလာပို့တဲ့ကလေးမလေးက ၁၇နှစ်၊၁၈နှစ်လောက်ပဲရှိမယ်ထင်တယ်။တစ်ခါမှမမြင်ဖူး၊မတွေ့ဖူးတဲ့လူကိုတောင် ရင်းရင်းနှီးနှီးမျက်လုံးရွှဲကြီးတွေနဲ့ကြည့်သည်မို့ အနေရခက်ပေမယ့် အဖွားနဲ့ရင်းနှီးသည့်အိမ်ကဖြစ်သည်ဆို၍ မသိခြင်ယောင်ဆောင်လိုက်သည်။"မမ"
ချိုင့်ကိုပြန်ပေးပြီးတော့ သူမအခန်းဘက်ကိုပြန်သွားဖို့ပြင်တော့နောက်ကနေလှမ်းခေါ်လာသည့် မမဆိုသည့်နာမ်စားကြောင့် နည်းနည်းတော့ကြောင်သွားပေမယ့် ဝဋ်ကြေတန်းကြေတော့ ပြန်ပြုံးပြလိုက်သည်။
"ဟိုလေ..မမက ဖွားရဲ့မြေးလားဟင်"
ထိုကလေးမကိုကြည့်ရတာ စပ်စပ်စုစုရှိမဲ့ပုံ။
"အင်း...ဟုတ်တယ်။ဘာလို့လဲ"
"ဟွင့်..."
ထိုကလေးမက နှာခေါင်းကိုတစ်ချက်ရှုံ့ပြီးသူမကိုမျက်စောင်းလှမ်းထိုးသည်။
YOU ARE READING
မွှေးရနံ့လှိုင်လှိုင်သင်းကြိုင်စေသော်