"မမခင်..."
ကျွန်မဘဝမှာယခုလိုမျိုးခံစားချက်သည် ပထမဆုံးပင်။
မျက်စိတစ်ဆုံးမြင်နေတဲ့နှင်းဆီပန်းခင်းကြီးကို သူမတစ်မေ့တစ်မော ငေးကြည့်နေလိုက်သည်။"ဒါ တို့အသက်နှစ်ဆယ့်တစ်နှစ်ထဲက ပျိုးထောင်ခဲ့တဲ့နှင်းဆီပန်းတွေလေ။"
"မမခင်က သိပ်တော်တာပဲ။ဒီလောက်လှတဲ့နှင်းဆီပန်းခင်းကြီးကိုနှစ်တွေအကြာကြီးထိ ပျိုးထောင်နိုင်ခဲ့တာမိုက်လိုက်တာ။"
မမခင်ကနှစ်လိုဖွယ်ရာအပြုံးတစ်ချက်ကို လက်ဆောင်ပေးသည်။
အောက်နှုတ်ခမ်းမထူမပါးလေးကို လျှာဖြင့်တစ်ချက်သပ်ရင်း မမခင်ကသူမကိုရီဝေဝေကြည့်လာသည်။"မင်းကြိုက်သလောက်ခူးယူနိုင်တယ်ကလေး။တို့စိတ်အဆင်မပြေရင်လာနေတတ်တဲ့ ဒီနေရာလေးကိုမင်းကိုမျှဝေပေးမယ်။အချိန်မရွေးလာနိုင်တယ်ဒီကို"
မမခင်ထံက ဒီလိုနူးနူးညံ့ညံ့ဆက်ဆံပေးတာခံရပြန်တော့ မမခင်ကထင်သလောက်မာနမကြီးဘူးဆိုတဲ့အချက်ကိုပါ သူမလက်ခံလိုက်သည်။
"ကဲ...တို့အလုပ်ရှိသေးလို့ပြန်ရမယ်။မင်းကြည့်ခြင်သေးရင် တို့အားတဲ့နေ့လာခေါ်မယ်လေ ဒီနေ့တော့ဒီလောက်နဲ့ပြန်ရအောင်။"
"ဟုတ် မမခင်။ကျွန်မလည်းအခုပဲပြောတော့မလို့။မမခင်မှာက ပန်းဆိုင်တစ်ဖက်နဲ့မလား။"
သူမအလိုက်တသိနဲ့ခေါင်းငြိမ့်ကာပြောတော့ မမခင်ကကားပေါ်ပြန်တက်သွားသည်။လာတုန်းကလို မမခင်နဲ့အတူ ကျွန်မပါကားခေါင်းခန်းမှာအတူဝင်ထိုင်လိုက်သည်။
ကားလေးကနှင်းဆီခင်းရဲ့အနားကနေခပ်ဖြည်းဖြည်းထွက်ခွာလိုက်သည်နှင့်တစ်ပြိုင်နက် မမခင်က သူ့စိတ်ကြိုက်သီချင်းကိုရွေးဖွင့်သည်။
🎶🎶🎶🎶🎶🎶🎶
×××× ပန်းပွင့်ရှိမှ ရနံ့ရတာမဟုတ်ဘူး....
ဖူးသည့်တစ်ငုံ ထုံသည့်တစ်ပွင့်...
နမ်းခွင့်တစ်ရှိုက်ရခိုက်မှာ
ထာဝရအမြဲတည်.....
နှလုံးသားမှာစွဲမြဲစွာထုံယစ်...
ဆွတ်ပျံ့နေ××ချစ်သူသိလေ..××××××
YOU ARE READING
မွှေးရနံ့လှိုင်လှိုင်သင်းကြိုင်စေသော်