"စားလို့ကောင်းလိုက်တာအဖွားရယ်"
ညကရေချိုးပြီးတာနဲ့ အိပ်ပျော်သွားတာကြောင့်လွတ်သွားတဲ့ညစာအစား ဒီမနက်ခင်းမှာတော့အဖွားပေါင်းကျွေးတဲ့ ကောက်ညှင်းပဲပေါင်းကသူမ စားဘူးသမျှထဲမှာအကောင်းဆုံးမနက်စာဖြစ်သည်။
ကော်ဖီခါးခါးတစ်ခွက်နဲ့ ကောက်ညှင်းပဲပေါင်းကသိပ်တော့လိုက်ဖက်မှုမရှိပေမဲ့ အဖွားလက်ရာကတော့ဘယ်အချိန်စားစား မကောင်းဘူးဆိုတာမရှိ။
"ညက အိပ်လို့ကောင်းရဲ့လားရာရာ"
အဖွားကနောက်ဆုံးလက်ကျန်ကောက်ညှင်းပေါင်းကို အပြီးစားရင်းမေးလာသည်။
"ဟုတ် အိပ်လို့အရမ်းကောင်းတာပဲအဖွားရယ်။ခရီးပန်းလာလို့လားမသိဘူး မနက်လင်းတော့တစ်ရေးပဲ။"
"ရာရာလေးဆိုင်ကယ်မောင်းတတ်တယ်မလား။ဆိုင်ကယ်မောင်းတတ်ရင် အဖွားကိုပန်းဆိုင်လိုက်ပို့ပေးနော်"
"ဟုတ်အဖွား။ဘယ်အချိန်သွားမှာလည်း"
"ခနနေသွားကြမယ်။နေ့ခင်းဆိုဒီမှာကသိပ်ပူတာ။မနက်ပိုင်းလေးပဲ နေအေးတာ"
"အဲ့တာဆို သမီးအဝတ်အစားတစ်ချက်အရင်လဲလိုက်မယ်နော်"
အဖွားရဲ့ပန်းကန်ရော သူမရဲ့ပန်းကန်ကိုပါယူပြီး အရင်ဆေးလိုက်သည်။ပြီးမှ ဝတ်ရမယ့်အကျီကိုသူမသေချာရွေးလိုက်တယ်။ပန်းဆိုင်သွားမှာဆိုတော့ သေချာရွေးယူနေရမှာနဲ့ကြာမှာပဲ။နေပူလာရင်ဒုက္ခပဲ လက်ရှည်အပါးလေးဝတ်သွားမှပဲ။shirtအပွအညိုတစ်ထည်ကိုမှ အောက်ကဂျင်းပြာအပါးအပွကိုတွဲဝတ်လိုက်ပြီး အဖြူရောင်ခပ်ပါးပါးလက်ရှည်ကိုထပ်ဝတ်လိုက်သည်။အကြိုက်ဆုံးနှုတ်ခမ်းနီဖြစ်တဲ့
Seoul Girls (No.3)ကိုခပ်ရေးရေးဆိုးလိုက်သည်။ဒီ့ထက်ပိုကောင်းတဲ့၊ပိုစျေးကြီးတဲ့နှုတ်ခမ်းနီတွေရှိပေမဲ့ စျေးသိပ်မရှိတဲ့ဒီနှုတ်ခမ်းနီကိုတော့ ကျွန်မအရမ်းကြိုက်သည်။မျက်နှာကိုskin careရတာထပ် နှုတ်ခမ်းနီဆိုးရတာကိုသာ ပိုသဘောတွေ့ပါသည်။ဒီမြို့ရဲ့နေ့ဘက်နေအပူရှိန်ကပြင်းတာမို့လို့ Sun creamပါးပါးလေးတော့လိမ်းလိုက်သည်။စိတ်တိုင်းကျပြင်ဆင်လို့ပြီးမှ ဆိုင်ကယ်ထားရာနေရာကိုအဖွားကိုသွားမေးလိုက်တယ်။ဆိုင်ကယ်ရော ကားရောကိုအဖွားကမသုံးသည်မှာအတော်ကြာပြီဖြစ်ပုံရ၏။ဂိုထောင်ထဲမှာထည့်ထားတာကြောင့် ဖုန်အနည်းငယ်တက်နေသည်။
ESTÁS LEYENDO
မွှေးရနံ့လှိုင်လှိုင်သင်းကြိုင်စေသော်