အပိုင်း(၁)

793 60 2
                                    

ချစ်ခြင်း​မေတ္တာတို့ဟူသည် အဲ့ဒီဖိနပ်နီနီ​လေးက စတင်ခဲ့သည်။

🌼

ဒီ​​​​နေ့ဟာ လိုတာထက်ပိုပူ​နေသည်။​နွေရာသီမှာပူတာကမထူးဆန်း​ပေမဲ့ ကျွန်မအတွက်​တော့​​ချွေးဒီးဒီးကျ​နေသည်။
အဘယ့်​ကြောင့်ဆို​သော် သူမ၏အဖွားရှိရာနယ်မြို့​လေးကိုလာရင်းလမ်းတစ်ဝက်မှာကားပျက်သွား​သော​ကြောင့်ဖြစ်သည်။

ခရီးကအ​ဝေးကြီးမဟုတ်တာ​ကြောင့်ကားကို​သေချာမစစ်ကြည့်ခဲ့မိတာကိုက သူမရဲ့ပေါ့ဆမှု့တစ်ခုပင်။

"ဒီလိုနဲ့တစ်ဖြည်းဖြည်း​မှောင်လာ​တော့မှာပဲ"

နာရီကိုကြည့်လိုက်​တော့ည​နေသုံးနာရီ။

ကားအ​ရှေ့ဖုံးကိုဖွင့်ပြီး ဟိုဟိုဒီဒီကလိကြည့်ပင်​သော်ငြားလည်း ထူးခြားလာခြင်းမရှိပါ။
သူမကားပျက်​နေတာတစ်နာရီခွဲခန့်ရှိ​နေပြီ အခုထိပင်တစ်ခြားကားတစ်စီးတစ်​လေရဲ့ အရိပ်အ​ယောင်ကိုမျှမ​တွေ့ရ။

စိတ်ပျက်လက်ပျက်နဲ့ ကားရပ်ထားရာ​ဘေးမှမြက်ခင်း​ပေါ်မှာကျွန်မထိုင်ချလိုက်သည်။
ပတ်ဝန်းကျင်​ဘေးဘက်ဝဲယာမှာလည်း လယ်ကွင်း​တွေသာရှိသည်။​​နေလုံးကတစ်ဖြည်းဖြည်းနဲ့ သူမမျက်နှာမူရာအရပ်သို့တိုးဝင်​နေသည်။အိပ်တန်းပြန်ငှက်တစ်ချို့ကလည်း ဟိုဟိုဒီဒီဝဲပြန်​နေသည်။
လွန်ခဲ့တဲ့ မိနစ်အနည်းငယ်ခန့်ကမှ​ချွေးဒီးဒီးကျ​နေရာက​နေ အနည်းငယ် ​အေးစိမ့်စိမ့်ဖြစ်လာသည်ဟု ခံစားမိသည်။

အပြင်​လေကို​သေချာမထိ​တွေ့ရတာ သူမအတွက်​တော်​တော်ကြာ​နေ​လေပြီ။
​သေချာခံစားမိမှ လယ်ကွင်းစိမ်းစိမ်း​လေးရဲ့ရနံ့​လေး​တွေဆွတ်ပျံ့ဖွယ်ပါလာသည်။
​ခြောက်​​သွေ့​သွေ့​မြေကြီးနံ့နဲ့ ​နွေစပါးပင်အနံ့​ခပ်ပါးပါးက သူမအတွက်ငိုပစ်ခြင်စရာ။

ကျွန်မမှာ ကိုယ့်ကိုယ်ကို​မေးခွန်းထုတ်စရာ​တွေများ​နေသည်။သူမအဖွားရှိတာမြို့နယ်ကိုလာခဲ့​တာကမှားသလားဆိုတာကိုပင်မသိ​တော့။​ရှောင်​ပြေးလာခဲ့တယ်ဆိုရင် ပိုမှန်မလားပဲ။
တစ်ခါတစ်​လေမှာ တစ်ချို့အရာ​တွေကရပ်ကြည့်​နေရ​တာ​တောင်ပင်ပန်းတယ်။ဖြစ်လွယ်ပျက်လွယ်
ဒီ​လောကကြီးထဲမယ် သူမက​တော့အမြဲရပ်ကျန်ခဲ့ ရပ်ကျန်မြဲပါပဲ။ရပ်ကျန်ခဲ့ရတာ​တောင် ပင်ပန်းနာကျင်​နေရတာမလို့ ထွက်​ပါ​ပြေး​နေရပြီ။

​မွှေးရနံ့လှိုင်လှိုင်သင်းကြိုင်​စေ​​သော်Donde viven las historias. Descúbrelo ahora