"ပွဲသို့တက်ရောက်လာကြသော ဂုဏ်သရေရှိ လူကြီးမင်းများအနေဖြင့် သတို့သမီးအား ကြိုဆိုပေးကြပါအုန်း.....""ဖြောင်း...ဖြောင်း...."
လက်ခုပ် ဩဘာသံတွေဆူညံသွားသောအဖြူရောင် ခမ်းမကြီးအလယ် အပြာရောင် သတို့သား၀တ်ဆုံကိုပြည့်စုံစွာ၀တ်ဆင်ထားတဲ့ သတို့သားတစ်ဥိီး၊ထိမ်းမြားလက်ထပ်ခြင်း မြောက်အောင်ပြုလုပ်ပေးမည့် ဖာသာတစ်ယောက်.......တစ်ဖက်တစ်ချက်ဆီရှိလျက်ထို့နောက် နူးညံ့ညင်သာသော ခြေလှမ်းတွေနဲ့ သိမ်မွေ့စွာ လျှောက်လှမ်းလာသောကောင်းကင်ပြာရောင်သတို့သမီး၀တ်ဆုံကို ၀တ်ဆင်ထားတဲ့ မိန်းမငယ်တစ်ဦး......သတို့သားရှေ့မောက် ရောက်လာသော သတို့သမီးလေးမှာ ပီတိအပြုံးတွေအပြည့် ...ပျော်ရွှင်ခြင်း ဆိုတဲ့ ခံစားချက်တွေအပြည့်နဲ့ ပါးမို့မို့ ပန်းရောင်လေးဟာ ပိုပိုထင္းလာသလို....မျက်နှာချင်းဆိုင် ဖြစ်သွားတဲ့အနေအထားနဲ့ တစ်ဦးကိုတစ်ဦးအကြည့်ချင်းဆုံကြ၏သို့ပေမယ့် သတို့သားလေးမှာ ခံစားချက္မရှိတဲ့ မှင်သေသေမျက်နာဟာအထူးတဆန်းပင်.....ဖာသာတိုင်ပေးသောစကားများကိုရွတ်ဆိုကြ၏။သစ္စာဆို၏။ကတိတွေပေးကြ၏။လက်ထပ်လက်စွပ်တွေ ၀တ်ဆင်ပေးကြ၏။
"သတို့သား သတို့သမီး အကြင်လင်မယားအရာမြောက်သွားပါပြီ.......နမ်းလို့ရပါပြီ.."
လက်ခုပ်သံတွေဆူညံသွားသော
ခမ်းမလယ် နမ်းတယ်လို့မဆိုသာသော ထိကပ်တယ် ဆိုရုံသာထိသောနှုတ်ခမ်းပါးတစ်ခုရဲ့မှဲ့နက်က အထင်းသား သတို့သားလေးဟာ အေးစက်စက်ပင်...."ဖြောင်း..ဖြောင်း...ဖြောင်း...."
လက်ခုပ်သံလေးတစ်ခုထပ်မံပေါ်ပေါက်လာခဲ့သည်။လက်ခုပ်သံလေးဟာ ခြောက်ကပ်ကပ်နဲ့
"သတို့သားနဲ့ သတို့သမီးလေးတို့ကို ဂုဏ်ပြုသည့်အနေနဲ့ ကျွန်တော် သီချင်းလေးတစ်ပုဒ္ ကိုလက်ဆောင်အဖြစ်ချီးမြင့်ပါရစေ....ရမလား.."
ထိတ်လန့်သော အကြည့်တွေကို ဖြစ်ပေါ်စေသွားခဲ့တာ သတို့သားရဲ့ မျက်၀န်းမှာ....မကြိုက္မနှစ်သက်တဲ့အကြည့်က သတို့သမီးဆီမှာ....ရွံရှာသော အကြည့်က သတို့သားနဲ့သတို့သမီးလေးတို့ရဲ့နှစ်ဖက္မိဘတွေဆီမှာ....
YOU ARE READING
U JEON [A]
Fanfictionကျွန်တော်မလိမ်တတ်ဖူး ချစ်ရင်ချစ်တယ် မုန်းရင်မုန်းတယ် ဉီးကိုတော့ ချစ်ပေမယ့်မုန်းလိုက်တယ် ရင်တွေနာခဲ့ရလို့