Part 2 (A)

234 16 0
                                    

လမ်းမပေါ်မှာ အသိစိတ်လွတ်နေတဲ့လူတစ်ယောက်လိုလေးလံတဲ့ခြေလှမ်းတွေနဲ့ ခြေဦးတည့်ရာ လျှောက်သွားနေသောသူ
စိတ်နှင့်အာရုံ အားလုံးပြိုကွဲပြီးသည့်​ေနာက် ခန္တာဆိုတာတောင်ရှိမနေစေချင်တော့

""ပြီးပြီလေ အားလုံးပြီးခဲ့ပြီ Happy Ending ဆိုတဲ့ဇာတ်သိမ်းက သူများတွေအတွက် ချိုမြိန်သော အဆုံးသတ်ဖြစ်ချင်ဖြစ်မယ် သူ့အတွက်ကျ လူကြီးအတွက်ကသာ happy  ending ပေါ့ သူကတော့ ဇာတ်နာသူ တစ်ယောက်လိုSad endingကြီးလေ.... မင်းသားဖြစ်လိုက် ဇာတ်လို်က်ဖြစ်လိုက် ဗီလန်ဖြစ်လိုက် နဲ့ သံသရာလည်နေခဲ့တာ ခုတော့သူဟာ ဗီလိန်ဇာတ်ကိုနာနာရိုက်သွင်းပြီးSad endingလိုက်ပြီ....ကျေနပ်လိုက်ပါဘိ....ဟန်ဆောင်ကောင်းသောမင်းသားကြီးရယ် """

အတွေးတွေ အဆုံးသတ်ပြီးနောက်မိုးစက်ကျရာ ကောင်းကင်ကိုမော့ကြည့်လို့

"နှုတ်ဆက်ပါတယ် လူကြီးရေ  ...."

ကားသံတွေဆူညံနေတဲ့လမ်းမထက် တွေတွေလေးတက်သွားတော့ အရှိန်ပြင်းလှတဲ့ကားလေးကစက်အရှိန်တောင်မသတ်နိုင် ဟွန်းတီးသံကျယ်လောင်မှုက သူ၏အတွေးတွေလောက်ဆူညံမနေဘူး ။
ရပ်နေလိုက်သည်....မျက်လုံးတွေကို မှိတ်ထားလိုက်ပြီ ကံကြမ္မာစေရာအတိုင်း လိုက်ပါ ပါတော့မည်။
ဒါပေမယ့်ကားဟာ သူ့ကို မတိုက္မိလိုက်ပါ  ဘေးဘက်တစ်ခြမ်းကို ချိုးကွေးလိုက်တော့ ကျွီး.....ဆိုတဲ့ အသံကြီးကလွဲ ဘာမှမဖြစ်ခဲ့ သူကကော
သူကတော့ ပြိုလဲကျသွားခဲ့ပြီ လမ်းမထပ် လဲလျောင်းသွားခဲ့ပြီ...ကားလည်းမတိုက္မိလိုက်ပါဘူး။အားနည်းကာ အားအင်တွေပြတ်လပ်ခဲ့တာမို့ ပြိုလဲကျခဲ့ပါသည်။လူတွေ၀ိုင်းအုံကြည့်နေကြတဲ့ ကျွန်တော်ဟာစုတ်တစ်ချက် သတ်မိလိုက်ပါသေးသည်။

""စိတ်ရှုတ်လိုက်တာ လူတွေများ စိတ်ညစ်စရာ""

ပြန်မထနိုင်တော့တဲ့အဆုံး ကမ္ဘာလောကကြီးနဲ့အဆက်အသွယ်ပင်ပြတ်ချင်လာခဲ့ပြီ။အခုသူဘာကိုမှမသိတော့ဘူး။သူဘာကိုမှလည်းမကြားနိုင်တော့ဘူး။စိတ်တွေဟာ လေဟာနယ်ထဲလွင့်မျောသွားခဲ့ပြီ။သတိဟာ မကပ်တော့ပါ။တိတ်တိတ်လေးမျက်၀န်းတွေကိုမှိတ်ချလိုက်ပါပြီ။သူမသိခဲ့ပါဘူး သူ့နောက်က လိုက်ပါလာခဲ့တဲ့​ေကာင်လေးတစ်ယောက်ကို........ထပ်ကြပ်မကွာလိုက်နေတဲ့ကောင်လေးလည်း နာကျင်ရပါပေတယ်။ကားနဲ့တိုက္မိမယ်ထင်ထားပေမယ့် ကံသီစွာလွတ်သွားခဲ့သော ဂျီမင်းကို သူသိပ်ကိုစိုးရိမ်ခဲ့ပါသည်။ပြိုလဲကျသွားတဲ့ကိုယ်ငယ်လေးကို ပွေ့ချီထားခဲ့သည်။သူလေးကတော့ မသိတော့ဘူးထင်သူအားပွေ့ချီထားလျက်နဲ့ပင်ဆေးရုံကို အကြာင်းကြားရလေသည်။

U JEON [A]Where stories live. Discover now